part-11

6.4K 300 5
                                    

အလုပ်စဝင်သည့်နေ့မှာပဲ မီးဖွားခန်းမှအမျိုးသမီးတစ်ယောက်ဟာ သွေးတိုးကာအရေးပေါ်ခွဲစိတ်ရန်လိုအက်လာ၏။သို့ပေမယ့်နောက်ဆက်တွဲသွေးစစ်ခတွေနှင့်ခွဲခန်းကုန်ကျစရိတ်အတွက်ငွေကြေးမတတ်နိုင်သည့်အခြေနေတစ်ခုကြောင့်.

“ဒုက္ခပါပဲ Dutyတွေဆက်တိုက်ပင်ပန်းရတဲ့အထဲ ဒီလိုမျိုးတွေပါလိုက်မဖြေရှင်းနိုင်တော့ဘူး။ဒီလိုလူမျိုးကတစ်‌ ယောက်နှစ်ယောက်လဲမဟုတ်ဘူး။”

“ကုန်ကျစရိတ်ကျွန်တော်ပေးလိုက်မယ်”

စီနီယာတွေ၏ညည်းညူသံကြောင့်လရိပ်ဝင်ပြီးပြောလိုက်ခြင်းဖြစ်သည်။

“အော် ရပါတယ်မောင်လေးရာယ် အမတို့လူကြီးတွေနဲ့ကြည့်စီစဉ်လိုက်ပါမယ်”

“ရပါတယ် ကျွန်တော်လှုုချင်လို့ပါ ဘယ်လောက်ကျမှာလဲ”

“၃ သောင်းလောက်ပါပဲ။ဒါပေမယ့် အဲ့လိုလူနာကသူတစ်ယောက်တည်းမဟုတ်တာဖြစ်လို့ အစ်မတို့အခက်ခဲဖြစ်နေတာပါ”

“ရပါတယ်”

ထိုအခါ ရဲရဲက..

“အဲ့လိုသာဆို အစ်ကို့လစာကျန်မှာမဟုတ်ဘူးနော်”

“နင်မေ့များမေ့နေတာလား သူ့အမျိုးသားကဘယ်သူလဲဆိုတာကို”

စီနီယာအစ်မတစ်ယောက်၏အပြောကြောင့် လရိပ်ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြီး...

“အာ..အဲ့လိုမရှိပါဘူး သူလဲသူ့ငွေသူသုံးတာပါ။ကျွန်တော်လဲကျွန်တော့်ငွေကျွန်တော်သုံးတာပါ။လစဉ် ပါပါးထည့်ပေးထားတဲ့မုန့်ဖိုးထဲကနေ ကျွန်တော်လှူတာပါ”

“အာ ဆောရီးနော်”

“ရပါတယ်”

အလုပ်ဆင်းချိန်တွင်..

“အစ်ကို အစ်ကိုက ကားမပါဘူးလား”

“အစ်ကို ကားမမောင်းတတ်ဘူး။ရည်းစားနဲ့ချိန်းတွေရင်တောင် driver မောင်းပို့တာ”

“အာ..ကျွန်တော်က ကားလိုက်ကပ်စီးမလို့ဟာကို”

“ရဲရဲကဘယ်ပြန်မှာလဲ”

“အစ်ကိုနဲ့လမ်းသင့်တယ်လေ...”

“driver လာကြိုမယ်ထင်တယ်လိုက်ခဲ့လေ”

My Bad Brother(Completed)Where stories live. Discover now