part-29

5.8K 208 5
                                    

“ပါပါး...ပါပါး အီးဟီး...အိပ်ချင်တယ်”

“ခဏလေးပါနော် ပါပါးအလုပ်ပြီးတော့မယ်”

“ဟင့်အင်း ချော့သိပ် ချော့သိပ်”

အမြွှာပူး တစ်စုံ ဖြစ်တဲ့ ဝတီ ရှင်းသန့်နှင့် ရဲရင့် ရှင်းခန့် ၏အော်သံကြောင့်ရှင်းခန့်အလုပ်တွေကောင်းကောင်းလုပ်မရပေ။နှစ်ယောက်လုံးက ဂုတ်ပေါ်ထိခွတတ်ကာငိုယိုနေတော့ ရှင်းခန့်ကထလာပြီး ချီမကာအိပ်ယာပေါ်သို့တင်လိုက်လေ၏။

“သားနဲ့သမီးအိပ်မှ ပါပါးအလုပ်ဆက်လုပ်မယ်”

“ပုံကြောပြ ပုံကြောပြ”

ရှင်းခန့်က ပုံပြင်စာအုပ်လေးကိုကောက်ကိုင်လိုက်ပြီးပုံပြင်ပြောပြသည့်အခါမှာတော့ နှစ်ယောက်သား မျက်လုံးကြီးတွေအဝိုင်းသားဖြင့်နားထောင်နေကြ၏။ သူတို့မျက်လုံးတွေက ရှင်းခန့်လောက်လဲမမှေး၊လရိပ်‌ လောက်မကျယ်ပဲ ချစ်စရာ အဝိုင်းသားလေးတွေ‌ဖြစ်သည်။မျက်လုံးအဝိုင်းသားတွေနှင့်ကလေးတွေက နောက်နှစ်နာရီတောင်အိပ်မည့်ပုံမပေါ်ပါ။ အခုလိုအိပ်ချိန်ဆို အဖေနှစ်ယောက်ကလွဲပြီး မည်သူမှ သိပ်မရပေ။ အမြဲတမ်းရှင်းခန့်ကသာ ပုံပြောရင်းအိပ်ပျော်သွားလေ၏။ ထိုအခါကလေးတွေက ထလာပြီးသူတို့အဖေကို နမ်းလျှက် သဘောကျစွာတခစ်ခစ်ရယ်ပြီး အိပ်သွားကြလေ၏။

ညသန်းခေါင်ကျော်မှ ရှင်းခန့် အူးယားဖားယားနိုးလာပြီး laptop ဆွဲကာအလုပ်ပြန်လုပ်ရသည်။အလုပ်က အရမ်းအရေးကြီးနေသည်။ဒီညအပြီးသတ်မှ အဆင်ပြေလိမ့်မည်။ လရိပ်က night duty ရှိတာကြောင့်မနက်မှ ပြန်လာလိမ့်မည်။ လရိပ်မရှိတဲ့ညတွေဆို သူအရမ်းပင်ပန်းရသည်။အမောပြေ ဖက်အိပ်စရာ ခန္တာကိုယ်လဲမရှိသည့်အပြင် ကလေးနှစ်ယောက်က အရမ်းဂျီကျလွန်းသည်။

ဒီကလေးနှစ်ယောက်ဆိုတာလဲ လရိပ်၏ စနက်တွေပင်။ တစ်ခါတည်း နှစ်ယောက်မွေးမယ်ဆိုကာ ပူဆာပြီးမနိုင်မနင်းမွေးခဲ့လေ၏။ဗိုက်ကြီး အကြီးကိုလွယ်ကာ ပင်ပင်ပန်းပန်းခက်ခဲစွာမွေးခဲ့ရတာမှန်ပေမယ့် သူအဲ့ဒီဗိုက်ကြီး စသယ်လာကတည်းက ရှင်စခန့်အငြိမ်မနေရပါ။ ယခုဆိုရှင်းခန့်က ဆံပင်တောင်နားရွက်အုပ်သည်အထိရှည်နေပြီး 6 pack တွေတောင်လျှော့လာသည်။

My Bad Brother(Completed)Where stories live. Discover now