Part-20

6.1K 270 4
                                    

အလုပ်တွေပုံနေတာကြောင့်ရှင်းခန့် တရဆက်မြည်နေသည့်ဖုန်းကိုကိုင်ဖို့မအား။သို့ပေမယ့် အော်နေတာများလာလို့ကိုင်လိုက်တဲ့အခါမှာတော့ ခေါင်းနပန်းပါကြီးသွားသည်။ လရိပ်တဲ့ သူဘယ်တုန်းကများဆက်ဖူးလို့လဲ။တစ်ခုခုများဖြစ်လို့လားဆိုပြီးဖုန်းကိုင်လိုက်တဲ့အခါမှာ ပိုပြီးတော့တောင် ခေါင်းကြိမ်းသွားရသည်။

"အစ်ကို ဘာလို့ငိုနေတာလဲ။"

"......"

“အစ်ကို”

စကားပြန်လဲမရ တရှုံ့ရှုံ့ငိုနေတာကြောင့် လုပ်လက်စတွေပစ်ပြီးအိမ်သို့ပြန်လာခဲ့လေ၏။

“အစ်ကို! အစ်ကို ဘာဖြစ်လို့လဲ”

ကုတင်ပေါ်မှာကျောပေးထိုင်နေသူက မျက်ရည်တွေဖြင့်လှည့်ကြည့်လာတော့ ပူလောင်သွားရပြန်သည်။

“‌ မောင်ငါ့ကိုဘယ်အချိန်ပြန်လာမယ်ပြောသွားတာလဲ”

“အာ...အဲ့တာအလုပ်နဲနဲများလို့”

“ငါက အလုပ်လောက်အရေးမပါတဲ့လူလား။ငါအခုနေ‌မကောင်းဘူးလေ။ခေါင်းတွေလဲကိုက်နေတယ်”

“တောင်းပန်ပါတယ်”

လူလဲပြာယာခတ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ တစ်ခါမှ မပြောဖူးတဲ့တောင်းပန်ပါတယ်ဆိုတဲ့စကား သူနဲ့ကြမှထွက်ပေါ်လာရသည်။ ကုတင်မှာအသာထိုင်ပြီး နှဖူးလေးကိုစမ်းကြည့်လိုက်တော့ အဖျားလေးငွေ့ငွေ့ရှိနေသည်။ လရိပ်ကရုတ်တရက် ရင်ခွင်ထဲဝင်လာပြီးမျက်လုံးလေးမှိတ်ထားပြန်တော့ ရှင်းခန့်ရင်ခုန်သံတွေမြန်လာရပြန်၏။

“ငါအမြန်ဆုံးပြန်သတိရချင်တယ်”

“ကျွန်တော်ကြိုးစားပေးမယ်။မနက်ဖြန်ပဲခူးကိုသွားကြမယ် အဲ့မှာအစ်ကိုနဲ့ကျွန်တော် အမှတ်တရတွေရှိတယ်”

“အမှတ်တရ!”

“ဘဝတစ်လျှောက်လုံးမှာ ကျွန်တော့်အတွက်အပျော်ဆုံးအချိန်ပဲ”

“အဲ့တာဆိုအခုပဲသွားချင်နေပြီ”

“ဒီနေ့နားလိုက်ဦး!”

ရှင်းခန့်က သူ့ကိုယ်လေးကိုမျက်နှာချင်းဆိုင်လှဲစေလိုက်တော့ သူကလက်မောင်းကြီးတွေပေါ်အလိုက်သင့်လေး ခေါင်းအုံးလာသည်။ရင်ဘက်ကို ပွတ်သပ်ကျီစယ်ထိပါးနေတဲ့ လက်‌ကလေးတွေကနေ ကိုင်ပြီး လုပ်ချင်တာလုပ်ပစ်လိုက်ရင် ဒီလူကတော့...

My Bad Brother(Completed)Where stories live. Discover now