December လဖြစ်တဲ့စာသင်နှစ်ထက်ဝက်ကျိုးမှာကျောင်းပြောင်းလိုက်ရတာကြောင့်လရိပ်အဖို့စာတွေအများကြီးမှီအောင်လိုက်ရသည်။အဆင်မြင့်ကျောင်းဖြစ်တာကြောင့်အစိုးရကျောင်းနှင့်သင်ကြားမှုကကွဲထွက်နေပေမယ့် ချမ်းသာသူများဖြစ်တာကြောင့်အချိန်ပိုတွေယူပြီးစာကိုလိုက်နိုင်ခဲ့သည်။လရိပ်အလွန်ဝမ်းသာမိသည်။သူ့ရည်မှန်းချက်ကဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီးဒီလိုထောက်ပံ့ပေးပုံမျိုးနဲ့ဆိုသူဆရာဝန်မဖြစ်နိုင်စရာအကြောင်းမရှိ။သို့ပေမယ့်ဘယ်အရာမဆိုဖြောင့်ဖြူးနေသည်ဆိုတာကရှားသည်မဟုတ်လား။ဒါလူ့ဘဝရဲ့ပုံသေနည်းပဲလေ။သူစာအုပ်တွေယူကာအခန်းထဲသို့ဝင်ပြီးစာလုပ်ရန်ပြင်လိုက်စဉ်တစ်ဖက်အခန်းတံခါးဝမှာရပ်ကာသူ့ကိုကြည့်နေသည့်မျက်လုံးမှေးမှေးစူးစူး။ထို၅နှစ်သားကလေးကနှဖူးမှာဝဲနေသည့် ဆံပင်ကောက်လိပ်ကြီးကိုသပ်တင်ရင်းသူ့နားလျှောက်လာကာ..
“၇နာရီပဲရှိသေးတယ်။အခန်းထဲဝင်တော့မလို့လား”
“ငါစာလုပ်စရာရှိသေးလို့ပါပါးကလဲခွင့်ပြုတယ်”
“ဒါပေါ့ငါ့ပါပါးကစာကြိုးစားရင်သဘောကျတယ်လေ။မင်းကသာစာကိုဗန်းပြပြီးရေသာခိုနေတာ”
“ရှင်းခန့်!”
“ဘာလဲစပ်သွားတာလား!”
“မင်းကလူငယ်သလောက်အပြောမယဉ်ကျေးလိုက်တာ”
“ပါပါးသားကိုစော်ကားရင် ပါပါးကိုစော်ကားတာနဲ့အတူတူပဲဆိုတာသိလား”
“မင်း!”
“သိမှာမဟုတ်ပါဘူး။တောသား”
လရိပ်လက်သီးတွေကျစ်နေအောင်ဆုပ်ကာအံကိုကြိတ်ထားလိုက်လေသည်။ဒါဟာအနှောက်ယှက်ပဲ။ဘယ်အနှောက်ယှက်ကမှသူ့ရည်မှန်းချက်ကိုပျက်စီးခွင့်မပေးနိုင်ဘူးဟုတွေးပြီးအခန်းတံခါးပိတ်ကာစာကိုသာအာရုံစိုက်နေလိုက်သည်။
---------
”ပါပါး!”“သားရှင်းခန့် အအေးသောက်ချင်လို့လား”
“မဟုတ်ဘူး လရိပ် အဲ..အစ်ကိုကလေစကားပြောတာရိုင်းတယ်”
“သားရာယ် သည်းခံပေးလိုက်ပါနောက်တော့ပြောင်းသွားမှာပေါ့။သူတို့ဆီမှာကတိုင်းရင်းသားတွေပေါတယ်မဟုတ်လား။စကားပြောပွင့်လင်းတာဖြစ်မှာပါ”
BẠN ĐANG ĐỌC
My Bad Brother(Completed)
Viễn tưởngOC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။