“အစ်ကို မနက်ဖြန်ကျွန်တော်တို့ သန်လျှင်ဖက်ကမိဘမဲ့ကျောင်းကိုကျန်းမာရေးစစ်ဆေးမှုတွေသွားလုပ်ရမယ်နော်။”
“အင်း အဲ့လိုကူညီခွင့်ရလို့ငါဝမ်းသာတယ်”
“ဒါနဲ့ အဲ့ဒီက ကလေးတွေကျန်းမာရေးချို့တဲ့တာမပြောနဲ့ အနေထိုင်နဲ့စားဝတ်နေရေးကအရမ်းခက်ခဲတယ်”
“မင်းရောက်ဖူးလို့လား”
“ကျွန်တော်တစ်ခါရောက်ဖူးတယ်။ဓနိမိုးထရံကာနဲ့မိုးမလုံလေမလုံဆိုတော့ကလေးတွေအရမ်းဒုက္ခရောက်တယ်။အလှူရှင်ရှိရင်ကောင်းမှာပဲ”
လရိပ်နှင့်ရဲရဲတို့ဟာဆေးရုံက အပြန်အချိန်ပိုဆင်းရန်Green Grap ဆေးခန်းသို့သွားရာလမ်းတွင်အစိုးရက စီစဉ်သည့်ကျန်းမာရေးစောင့်ရှောင့်မှုအတွက်သံလျှင်မြို့လေးအကြောင်းကိုဆွေးနွှေးနေကြတာဖြစ်သည်။
ဆေးခန်းရောက်တော့ ဆေးခန်းမှာလဲလူရှင်းနေတာကြောင့် လရိပ်ရှင်းခန့်အားဖုန်းဆက်လိုက်ရာ အမြင်ကတ်စရာ အေးစက်စက်အသံဖြင့်တစ်ဖက်မှ ပြန်ဖြေလာသည်။
“အင်း..ပြော”
“မင်းအလှူတစ်ခုခုမလုပ်ချင်ဘူးလား”
“ဘာအလှူလဲ။”
လရိပ်လဲ မိဘမဲ့ဂေဟာအကြောင်းကိုသေချာရှင်းပြလိုက်တော့ တစ်ဖက်မှ ညုတုတုအသံဖြင့်..
“ခင်ဗျားလှူချင်လို့လား”
“အင်း”
“ဒါဆို***********”
တစ်ဖက်မှရှင်းခန့်၏အပြောကြောင့်လရိပ်မျက်နှာတွေရဲတတ်သွားခဲ့ပြီး..
“တော်ပြီ..သူတို့ထိုက်နဲ့သူတို့ကံပဲ မင်းမလှူချင်လဲနေငါ့ဘာသာတတ်နိုင်သလောက်လှူခဲ့မယ်”
လရိပ်သူ့ဘဏ်အကောင့်ထဲကငွေကခန့်မှန်းခြေ သိန်း၂၀လောက်ရှိလိမ့်မည်။ဒါကလဲပါပါးကျေးဇူးကြောင့်ပင်။သူ့လစာနဲ့သူဆို။သူစားစရိတ်နဲ့ ဟိုဟာဝယ်ဒီဟာဝယ်ဖို့တောင်လောက်မှာမဟုတ်ပေ။ဒီကလေးတွေတွေအတွက်နေစရာအိမ်အသစ်မလုပ်ပေးနိုင်ပေမယ့်လောလောဆယ် လိုအပ်တဲ့နေရာလေးတွေကိုပြုပြင်လို့ရလိမ့်မည်။ ဟုသူတွေးရင်း အလုပ်ဆင်းချိန်တောင်ရောက်ရှိလာခဲ့ပြီ။ထိုအခါ nurse မလေးတစ်ယောက်က..
YOU ARE READING
My Bad Brother(Completed)
FantasyOC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။