Part-10

7.2K 336 8
                                    

ရှင်းခန့်ပထမဆုံးရုံးတတ်ရက်ဖြစ်တာကြောင့် အလုပ်ကပြန်လာရာအနည်းငယ်နောက်ကျပြီး ည8 နာရီမှအိမ်ပြန်ရောက်လေ၏။အိမ်ရောက်တော့ထုံးစံအတိုင်းဝင်နေကျအခန်းထဲသို့ဝင်လိုက်ရာ လရိပ်ကအိပ်ယာပေါ်မှာကြိုတင်ပြီးအိပ်နေလေပြီ။လရိပ်ခန္တာကိုယ်ကငြိမ်သက်နေပေမယ့် မအိပ်သေးဘူးဆိုတာရှင်းခန့်သိနေသည်။ဘေးမှာပုံနေသည့်စာအုပ်တွေကိုကြည့်ခြင်းဖြင့် နေရာလုမည်စိုးပြီးအိပ်ယာပေါ်မှာစာလုပ်နေပုံပင်။ ရှင်းခန့်လည်းတစ်နေကုန်ပင်ပန်းတာမို့ရေချိုးပြီး boxer အတိုလေးဖြင့်လရိပ်ဘေးမှာဝင်လှဲလိုက်တယ်ဆိုရင်ဖြင့် လရိပ်ကဆက်ကနဲထလာပြီး..

“မင်းကိုယ့်နေရာကိုယ်သွားအိပ်”

ရှင်းခန့်ကဘာမှပြန်မပြောပဲမျက်လုံးတွေကိုသာမှိတ်ထားတော့လရိပ်လဲအခန်းပြင်သို့ထွက်သွားလေ၏။သူ‌ ဒေါသထွက်လွန်းလို့ ရင်တွေပူလာပြီး ရေခဲသေတ္တာထဲမှရေဘူးအားထုတ်ကာ ခွက်ထဲထည့်ပြီးမော့ချပစ်လိုက်သည်။ထိုနောက်ခုံမှာမှုန်ကုတ်ကုတ်ဖြင့်ထိုင်နေလေ၏။

ထိုစဉ်...

“သားကြီး”

“ဟင်!ပါပါးမအိပ်သေးဘူးလား”

“ပါပါးသားကိုတောင်းဆိုစရာရှိလို့”

“ဟုတ်”

“သား ငယ်ငယ်လေးကတည်းကသားရဲ့ညီနဲ့အနီးကပ်ဆုံးနေလာတာဆိုတော့သူ့အကြောင်းသိမှာပေါ့”

“.......”

“သားသူ့ကို ညီ‌ လေးတစ်ယောက်လိုမချစ်နိုင်ဘူးဆိုတာပါပါးသိပါတယ်။သူနဲ့နေရတဲ့ကာလပတ်လုံးသားစိတ်မချမ်းသာဘူးဆိုတာလဲပါပါးသိတယ်”

“အဲ့ အဲ့လိုမဟုတ်ပါဘူးပါပါး။”

“အဲ့တာကြောင့်ဒီတောင်းဆိုမှုက မမျှတဘူးဆိုပေမယ့် အရဲစွန့်ပြီးတောင်းဆိုကြည့်တာပါ”

“........”

“သူက သားကိုညီအစ်ကိုထက်ပိုတဲ့သံယောဇာဉ်ရှိနေတာ”

“မ မဖြစ်နိုင်ဘူးပါပါး။ ပါပါးကောလဟာ‌လတွေလိုဖြစ်စေချင်နေတာတော့မဟုတ်ဘူးမဟုတ်လား”

“သားဆုံးဖြတ်လို့ရပါတယ်အတင်းအကျပ်မပြောပါဘူး ကျေးဇူးတရားတွေကြောင့်လဲတွန့်ဆုတ်နေဖို့မလိုပါဘူး”

My Bad Brother(Completed)Where stories live. Discover now