Part-28

5.8K 229 1
                                    

“ဝှား အရမ်းမိုက်တာပဲ ရှင်းခန့် မင်းဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီနေရာမှာ ဒီလိုဆောက်ဖို့စဉ်းစားလိုက်တာလဲ”

“ကျွန်တော် လား? အစ်ကိုနဲ့အတူ..”

“ရှင်းခန့်!”

ရှင်းခန့်ပြောမည့်စကားကို လရိပ်ကလှမ်းပိတ်လိုက်တော့ နေဝန်းကသဘောကျစွာရယ်လေ၏။ ရှင်းခန့်၏ပဲခူးက အပန်းဖြေစခန်းကို နေဝန်းတို့မိသားစုအား ခေါ်ပြီးအလည်လာခြင်းဖြစ်ရာ ခတ္တာရာယ် သားလေးဘုန်းတေဇရာယ်က အလွန်သဘောကျနေလေသည်။

“အစ်ကိုနေဝန်းကြိုက်သလိုနေ။အကုန် Free ပဲ”

“ပြီးမှနောင်တမရနဲ့နော်”

“အဟား ဒီလောက်လေးနဲ့များ ဖြစ်စရာလား”

“ရေပူစိမ်လို့လဲရတယ် အခန်းလေးတွေနဲ့လုပ်ထားလို့လွတ်လွတ်လပ်လပ်စိမ်လို့ရတယ်။ပြီးတော့ အကောင်းစားဆေးမြစ်တွေနဲ့ အစ်ကိုတို့မိသားစုအတွက် အထူးလုပ်ပေးထားတယ်”

“ကျေးဇူးပဲ။”

“ဖေကြီး ရေချိုးမယ် ချီ ...ချီ”

“သားလေးက ရေချိုးချင်ပြီလား လာခဲ့”

ရေပူကန်ထဲမှာသားဘုန်းနဲ့ခတ္တာက ရေစိမ်နေရာ နေဝန်းကအပြင်မှထိုင်ပြီး ခတ္တာကိုနှိပ်နယ်ပေးနေ၏။

“အင်း အရမ်းနေလို့ကောင်းတာပဲ။တစ်ကိုယ်လုံးပေါ့ပါးသွားတယ်”

“ခက်လေး သဘောကျလား”

“အင်း...”

ခတ္တာကခြေထောက်လေးကိုမြှောက်ပြီး ကန်ဘောင်ပေါ်တင်လိုက်တော့ နေဝန်းကအလိုက်တသိနှိပ်နယ်ပေး၏။

“ဝူး..ဝူး...”

ရေထဲမှာလှေရုပ်ဖြင့် ဆော့နေသည့် သားဘုန်းက အဆော့ကြမ်းနေတာကြောင့်..

“သားဘုန်း ငြိမ်ငြိမ်ဆော့ ဖေဖေ့ဗိုက်ကို ထိမိမယ်”

“သားဗိုက်ဆာနေပြီ”

“ဖေဖေတို့ ရေချိုးလို့မပြီးသေးဘူးလေ”

“ဟင့်အင်းဆာတယ်...ဟင့် အင့်”

“တိတ်!.....ငိုစရာမဟုတ်ဘူး။ မိဘတွေရေချိုးနေတယ်မဟုတ်လား”

“အီး ဟီး ဝါး..”

My Bad Brother(Completed)Wo Geschichten leben. Entdecke jetzt