Part-12

6.8K 301 12
                                    

ဒီနေ့ ရှင်းခန့်ကခန်းဝင်ပစ္စည်းတွေသွားဝယ်မလို့ပြင်ဆင်ထားတဲ့လေ။လရိပ်ပိတ်ရက်လေးကိုအေးအေးဆေးဆေးနေချင်သည်။ပြီးတော့ရှင်းခန့်နှင့်လည်း မျက်နှာချင်းမဆိုင်ချင်။သို့ပေမယ့်ရှင်းခန့်ကတော့သွားလာရန်ပြင်ဆင်ပြီးနှင့်လေပြီ။သူကအမြဲ သူ့လက်မောင်းကြီးကိုပေါ်စေရန်ကြောင့်လားမသိ Polo shirt လက်တိုကိုသာဝတ်ဆင်လေ၏။ လရိပ်ကတော့ပေါ့ပေါ့ပါးပါး ဒူးပေါ်ဘောင်းဘီတိုလေးနှင့် T shirt လေးဝတ်ကာဆင်းလာသဖြင့်ရှင်းခန့်၏ခပ်စူးစူးအကြည့်တွေနှင့်မိတ်ဆက်လေ၏။ သူ၏ဒူးအပေါ်ကပေါင်သားကိုရှင်းခန့်ကစူးရှစွာစိုက်ကြည့်နေသဖြင့်လရိပ်အနေခက်ကာ ရှက်လာသည်။အရင်ကလဲဝတ်နေကျဖြစ်ပေမယ့် ရှင်းခန့်၏မရိုးမသားစိတ်တွေကိုသိနေတာကြောင့်အနေခက်ရသည်။

ဟိုနေ့ကကိစ္စကြောင့် မျက်နှာပူကာစကားလဲမပြောဖြစ်ပဲ ကျောင်းလဲလာမကြိုခိုင်းပေ။ရှောင်နေတာတစ်ပတ်ရှိပြီဖြစ်ရာယခုတော့ဈေးဝယ်ထွက်ရတော့မည်။သူတို့ကားလေးက မြို့ထဲကကုန်တိုက်တွေအားလုံးကိုဖြတ်ကျော်လာပြီး လေယာဉ်ကွင်းကိုဦးတည်နေတာကြောင့်..

“ဘယ် သွားမလို့လဲ”

“ဘန်ကောက်မှာဈေးသွားဝယ်မလို့”

ရှင်းခန့်က ဘာမှမပြောပဲရှေ့မှ driver ကဖြေလာသည်။

လရိပ်လည်း တိတ်ဆိတ်စွာပင်လိုက်လာခဲ့သည်။အသားလွတ်ငွေဖြုန်းချင်နေတဲ့လူကို အပိုပြောမနေချင်ပါ။ဒါကြောင့်သူတို့တစ်လမ်းလုံးစကားမပြောဖြစ်ပါ။လရိပ်ကအတွေးတစ်မျိုးနှင့်စကားမပြောတာဖြစ်ပြီး ရှင်းခန့်ကဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေခြင်းကြောင့်စကားပြောတဲ့ဆီမရောက်ပေ။

ရှင်းခန့်ဦးဆောင်ရာ ကုန်တိုက်ကြီးမှာ မင်္ဂလာဆောင်နှင့်ပတ်သက်၍အစအဆုံးကို ဝယ်ယူရရှိနိုင်တာကို လရိပ်အံ့ဩစွာတွေ့ရလေ၏။သူကသာတစ်အံ့တစ်ဩလိုက်ကြည့်နေတာ ရှင်းခန့်ကဆိုဖာခုံမှာသာထိုင်နေလေသည်။ ခဏအကြာတော့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကယောက်လာပြီး English လိုပြောလေသည်။

“အစ်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုမှာထားတဲ့အတိုင်းညီမတို့ အဆင်သင့်ပြင်ဆင်ပေးထားပါတယ်။ဒီဇိုင်း ကိုတော့အစ်ကိုတို့ကိုယ်တိုင်ရွေးလိုက်ပါနော်”

My Bad Brother(Completed)Where stories live. Discover now