part-7

7.1K 291 2
                                    

ဒီလိုနဲ့အချိန်တွေဟာ အေးအေးချမ်းချမ်းကုန်ဆုံးခဲ့တာ လရိပ်တစ်ယောက်‌ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ပင်ရောက်ခဲ့ပြီ။ဒီနေ့ဟာပိတ်ရက်ဖြစ်တာကြောင့်ချစ်သူကိုရင်ခုန်စွာစောင့်နေ၏။ပြီးနောက် လက်ထဲမှလက်စွပ်ဘူးလေးအားကိုင်ကာစိတ်လှုပ်ရှားနေမိသည်။ ကန်တော်ကြီး၏ရေလယ်မှာရှိသည့်တံတားလေးပေါ်မှသာယာနေသည့်ရာသီဥတုအလှလေးကိုခံစားနေရင်းဆည်းလဲသံသကဲ့သို့နားထဲဝင်လာသည့်အသံလေး.

"ကိုကို!"

"ရွှေရည်"

ရွှေရည်ကခါးထိရှိတဲ့ဆံပင်ရှည်ကြီးတွေကိုတစ်ဝက်သိမ်းဆည်းကာဆံထိုးလေးထိုးလျှက်ကျန်တစ်ဝက်ကိုဖြန့်ချထားသည်။ပန်းနုရောင်နှင့်နို့နှစ်ရောင်ကနှုတ်လေးတွေရောယှက်ထားသည့် ပါတိတ်ဝမ်းဆက်လေးကသူမခန္တာကိုယ်ပေါ်မှာချပ်ရပ်စွာလှပလျှက် မြင်လိုက်ရတိုင်းရင်ထဲအေးမြကာကျက်သရေရှိလှသည်။

"ရွှေရည် မင်းအရမ်းလှတာပဲ"

ထိုသို့ပြောတော့ရွှေရည်ကခေါင်းလေးငုံ့ကာရှက်ပြုံးလေးပြုံးသည်။ဆေးဆိုးပန်းရိုက်မပါပဲ သနပ်ခါးနှင့်နှုတ်ခမ်းဆီပါးပါးလေးသာတင် တတ်သည့်ရွှေရည်၏ပြင်ဆင်မှုက လရိပ်အကြိုက်နဲ့တစ်ထပ်တည်းဖြစ်သည်။

"ရွှေရည် ကိုယ်ရွှေရည်ကိုပြောစရာရှိတယ်"

"ပြောလေကိုကိုရဲ့။ချစ်သူတွေကခွင့်တောင်းစရာလိုလို့လား"

"အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့ပေါ့ ရွှေရည်ရဲ့"

"ဘာများလဲ ကိုရဲ့"

"ကိုယ်ကျောင်းပြီးရင် ရွှေရည်နဲ့စေ့စပ်ထားချင်တယ်"

"ဟင်!"

"ဘာဖြစ်လို့လဲ ရွှေရည်"

"ရွှေ ရွှေရည် မထင်ထားဘူး"

"ဘာလို့လဲ"

"ကိုကို့လိုအရာရာပြည့်စုံတဲ့လူတစ်ယောက်ကရွှေရည်လိုမိဘမဲ့တစ်ယောက်ကို"

"အဲ့လိုမပြောပါနဲ့။ကိုကိုလည်း ပါပါးသာမမွေးစားခဲ့ရင် မိဘမဲ့တစ်ယောက်ပါပဲ"

"ဒါပေမယ့်ကိုကိုကရွှေရည်ထက်အများကြီးကံကောင်းတယ်။ကိုကို့မွေးစားအဖေကကိုကို့ကိုချစ်သေးတယ်။ရွှေရည့်အဒေါ်ကတော့.."

My Bad Brother(Completed)Where stories live. Discover now