Part-25

5.8K 236 9
                                    

"အစ်ကို ကျွန်တော် အများကြီးကြိုးစားထားတာအစ်ကိုမြင်တယ်မလား"

"ခဏလေးအတွင်းဒီလောက်ရောက်းအားတတ်တာ မင်းကိုမချီးကျူးပဲမနေနိုင်ဘူး"

ရှင်းခန့် ရုံးခန်းထဲမှာရှိနေစဉ် အလင်းသစ်ကရိုက်ကွင်းနားသဖြင့်ဝင်လာခြင်းဖြစ်သည်။

"ဒါနဲ့အစ်ကိုသိလား..လူမှုကွန်ရက်ကအဓိပ္ပါယ်မရှိတဲ့သတင်းတွေကို"

"အာ။မတွေ့မိဘူးမကြည့်ဖြစ်တာကြာပြီ"

"ထင်ပါတယ် အစ်ကို့အကောင့်ထဲဝင်ကြည့်တာလဲ အမြဲactive မဖြစ်ဘူး profile တောင်ဖုန်တတ်နေပြီ။မချိန်းသေးဘူးလား"

ရှင်းခန့်ရဲ့ Profile က လရိပ်မနက်စောစောကော်‌ဖီငုံ့ဖျော်နေတာကိုသူကအနောက်မှဖက်ကာ sefileဆွဲထားခြင်းဖြစ်သည်။

"ပုံကချိန်းဖို့အစီစဉ်မရှိဘူး။သူ့ပုံကရနိုင်ဖို့ခက်တယ်"

ရှင်းခန့်စကားကြောင့်အလင်းသစ်အောင့်သက်သက်ဖြစ်သွားရသည်။သူကမော်ဒယ်ဖြစ်လို့ သူ့ပုံတွေကတော့ပွထနေတာ။တန်ဖိုးမရှိသလိုတောင်ခံစားလိုက်ရသည်။

"ဒါနဲ့ လူမှုကွန်ယက်က သတင်းကဘာလဲ"

"အစ်ကိုနဲ့ ကျွန်တော် အမြဲအင်္ကျီအရောင်တူနေတာကိုလေ"

ထိုအခါမှ ရှင်းခန့်က သတိထားမိရာ အခုလဲ တူနေတုန်းပဲ။သူကပေါ့ပေါ့ပါးပါး polo shirt ကိုရောင်စုံဝတ်တတ်သည်။အလင်းသစ်ကလည်း polo shirt ပဲဝတ်ထားတာဖြစ်သည်။ ထိုသတင်းကြောင့်ရှင်းခန့်စိတ်ကသိကအောက်ဖြစ်နေစဉ်။

"ဒေါက် ဒေါက် ဒေါက် ဆရာ ဆရာအမျိုးသားလာတယ်"

"ဟင်..ဘယ် ဘယ်မှာ"

"ဒီမှာ.."

"အချစ်ကလေး မပြောမဆိုနဲ့ "

လရိပ်က အလင်းသစ်ကိုပဲစူးစိုက်ကြည့်နေတော့ အလင်းသစ်ကလဲပြုံးလျှက်..

"မင်္ဂလာပါအစ်ကို"

"ပေါက်ကရသတင်းတွေတတ်နေလို့ စိတ်မချလို့လာကြည့်တာ။တစ်ကယ် ပေါက်ကရပဲ"

လရိပ်ကိုကြည့်ပြီးရှင်းခန့် ရင်တုန်လာသည်။သူဟိုသတင်းကိုသိသွားပြီ။ သိရင်လဲ အိမ်ရောက်မှ မရှင်းပဲ အလင်းသစ်ရှေ့မှာ မျက်နှာပူရတော့မယ်။သူ့အိမ်သား ဘယ်တုန်းကဒီလောက်ကလေးဆန်သွားတာလဲ။

My Bad Brother(Completed)Where stories live. Discover now