Fianl

10.1K 267 8
                                    

လရိပ်အလုပ်ထွက်ပြီးနောက် မနက်ပိုင်းဆိုကလေးဝေယာဝေစ္စတွေလုပ်ပြီးရင် သူအားနေလေပြီ။အိမ်မှာက ကလေးထိန်းတွေအများကြီးရှိပြီး မူကြိုသဖွယ်ပြုလုပ်ထားတာကြောင့် ကလေးတွေထမင်းစားချိန်ရေချိုးချိန်လောက်ပဲ သူကြည့်ရသည်။သူတို့ကအလုပ်များသူတွေဖြစ်တာကြောင့် ကလေးတွေကိုထိုသို့ထားရာမှ ကလေးတွေလဲနေသားကျနေပြီဖြစ်၏။

“သားနဲ့သမီးရော”

“အိပ်သွားပြီအစ်ကိုလေး ဆော့နေရင်းနဲ့ပဲဆော့စရာတွေကြားထဲမှာအိပ်ပျော်သွားတာ”

“ဒါဆို Aircon ကိုမပူမအေးလေး အနေတော်လေးဖွင့်ထားပေးလိုက် ခြင်လဲသတိထား၊အအေးလဲမပတ်စေနဲ့။ငါကုမ္ပဏီခဏသွားမလို့”

“ဟုတ်ကဲ့အစ်ကိုလေး”

လရိပ်ကပုဆိုးအပြာကွက်နှင့်အင်္ကျီအဖြူလေးကိုသေသပ်စွာဝတ်ဆင်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်လေးကိုင်လျှက် ကျော့ကျော့လေးထွက်သွားလေ၏။ အိမ်မှာအရမ်းပျင်းနေတာနဲ့မောင့်ဆီကိုထွက်လာခဲ့ခြင်းဖြစ်သည်။ပျင်းတယ်ဆိုတာထက်မောင့်ကိုသတိရတာလဲပါသည်။အရင်ကကိုယ့်မှာလဲအလုပ်နဲ့မို့ သတိရဖို့အချိန်‌နည်းပေမယ့် အခုလိုအားနေတဲ့အချိန်တွေမှာဆို အရမ်းသတိရသည်။

သူကုမ္ပဏီထဲသို့အတားဆီးမရှိစွာ ကျော့ကျော့လေးဝင်လာသည်။သူ့ဝင်လာတာနဲ့ ဝန်ထမ်းများကလိုက်ငေးရသည်။ငေးရလောက်အောင်ကိုလရိပ်၏အလှကတည်ငြိမ်ပြီး အေးချမ်းနေတာဖြစ်သည်။မိန်းမဆန်တာမဟုတ်ပဲ တစ်ဖက်သားအပေါ်နူးညံ့စွာဆက်ဆံတတ်ကာ နွေးထွေးတဲ့အပြုံးလေးနဲ့မို့ သူ့ကိုမြင်လိုက်ရသူတိုင်းက ရင်ထဲအေးသွားရသည်။

လရိပ်ကရုံးခန်းတံခါးကိုဖွင့်ကာ ယောက်ျားဖြစ်သူကို အံ့ဩအောင်လုပ်မည်ဟုတွေးထားပေမယ့် တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ စားပွဲမှာခေါင်းချင်းပူးပြီး တစ်ခုခုကိုကြည့်နေသည့် ရှင်းခန့်နှင့်အလင်းသစ်။

သူရုတ်တရက်စိတ်တွေတိုသွားလေ၏။သို့ပေမယ့်ဘာမှမပြောခဲ့ပေ။

“ဟင် အစ်ကို ဘယ်လိုလုပ်ရောက်လာတာလဲ ဘာကိစ္စရှိလို့လဲ”

“ကိစ္စရှိမှ မင်းဆီလာရမှာလား။”

My Bad Brother(Completed)Where stories live. Discover now