Part-5

7.4K 293 9
                                    

စောစောစီးစီးအိမ်အောက်ထပ်မှဆူညံသံတွေကြောင့်လရိပ်နိုးလာသည်။အချိန်ကမနက်4နာရီ ရောင်နီပင်မလာသေး။သူအိပ်မှုံစုံမွှားနှင့်အောက်ထပ်ကိုဆင်းလာချိန်တွင်တန်းတိုးသည့်အကြည့်စူးစူးတစ်စုံ။သူ့ကိုစိုက်ကြည့်နေတာကြောင့်သူလဲကြောင်ပြီးကြည့်ရင်းမျက်လုံးတွေလေးပင်စွာပွတ်သပ်ရင်း..

"ဘာလုပ်နေကြတာလဲ"

ထိုအခါပါပါးက..

"အော်သားကြီးနိုးသွားတာလား။ပါပါးတို့ဆူညံနေလို့ထင်တယ်"

"မဟုတ်ပါဘူးကျွန်တော်ထတော့မှာပါ"

ထတော့မယ်သာပြောတယ်။မျက်လုံးတွေကမနည်းဒေါက်ထောက်ပြီးလေးပင်စွာပြောနေတာမို့ရှင်းခန့်မျက်စိမွှေးစူးလာသည်။

"အိပ်ချင်ရင်အိပ်လိုက်ပါ။အဲ့လိုလုပ်ပြနေလို့လဲဘယ်သူမှအထင်မကြီးဘူး။အပျင်းကြီးရင်ကြီးသလိုနေ"

လရိပ်မျက်စောင်းထိုးကာနှုတ်ခမ်းဆူပြီးအိမ်ပေါ်သို့ပြန်တတ်သွားတော့ရှင်းခန့်ကြောင်အပြီးကျန်ခဲ့လေ၏။

*ဘာလဲဒီလူ။အိပ်ချင်မူးတူးနဲ့ကလေးကလားတွေလာလုပ်နေတယ်*

ရှင်းခန့်ထိုသို့တွေးပြီး အပေါ်ထပ်သို့လိုက်သွားခဲ့ပြီးအခန်းထဲဝင်တော့မည့်သူ၏လက်မောင်းကိုဆွဲကာ..

"ငါဩစတျေးလျကိုကျောင်းသွားတတ်တော့မှာ ၃နှစ်လောက်ကြာမယ်"

လရိပ်အိပ်ချင်နေတဲ့မျက်လုံးလေးတွေပြူးသွားတာကြောင့်..

"ဘာလဲပျော်သွားပြီလား..သိပ်ဝမ်းမသာနဲ့အဲ့ဒီကနေပြန်လာပြီးရင်ငါအကုန်လုံးကိုလက်ဝါးကြီးအုပ်ပစ်မှာ"

"မင်းဘာသာလက်ဝါးကြီးအုပ်အုပ်ဘာလုပ်လုပ်ငါကစိတ်မဝင်စားဘူး။မင်းတို့ရဲ့စီးစိမ်တွေလည်းမမက်မောဘူး"

"ငါလက်ဝါးကြီးအုပ်မှာစည်းစိမ်တွေပဲလို့ဘယ်သူပြောလဲ..."

"မင်းဘာကိုဆိုလိုတာလဲ"

"ခင်ဗျားကျုပ်မရှိတိုင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့။ခင်ဗျားကိုဒီမျက်လုံးနှစ်လုံးကစောင့်ကြည့်နေမှာ"

My Bad Brother(Completed)Where stories live. Discover now