part-4

7.3K 330 1
                                    

ခေါင်းပေါ်မှရေပန်းတွေဖွင့်ချကာ စိတ်ရှိတိုင်းအော်လိုက်ချင်ပေမယ့်အသံတွေကထွက်မလာ။မျက်ရည်တွေစီးကျနေပေမယ့်ဒါဒေါသကြောင့်ကျလာတဲ့မျက်ရည်။ဘာသဘောလဲ။အခုရှင်းခန့်ကသူ့ကိုဘယ်လိုသဘောထားနေတာလဲ။ဂရုမစိုက်ပဲလုပ်ချင်တာလုပ်လို့ရတဲ့အရုပ်တစ်ရုပ်လိုသဘောထားတာလား။သူအပန်းဖြေဖို့ဒီအိမ်မှာရောက်နေရတာလား။ လရိပ်တွေးရင်းနှင့်အံကိုတင်းနေအောင်ကြိတ်ထားမိလေသည်။ညတုန်းက.........

သူညတိုင်းအိပ်ခါနီးနွားနို့သောက်လေ့ရှိသည်။ဒါကြောင့်အင်ကြင်းဆိုသူအိမ်အကူကောင်မလေးကဖျော်ဖျော်ပြီးလာပို့ထားတတ်သည်။သူခြေလက်ဆေးပြီးတာနှင့်နွားနို့ကအဆင်သင့်ပင်။သူမှတ်မိသလောက် သူခြေလက်ဆေးပြီးပြန်ဝင်လာတော့အဆင်သင့်ရောက်နေသည့်နွားနို့ကိုတစ်မော့ချပြီး စာလုပ်မည်ဟုတွေးထားပေမယ့်မျက်ခွံတွေကလုံးဝပွင့်မလာ။ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးပဲဆေးပညာလေ့လာသူတစ်ယောက်အတွက်ဘာကဖြစ်တာလဲဆိုတာမသိနိုင်စရာအကြောင်းမဟုတ်။ ရှင်းခန့်သူ့ကိုထိတွေ့လာတဲ့အထိ။ ထိုအကြောင်းတွေးမိတိုင်းနံရံကိုသာအကြိမ်ကြိမ်ထိုးနေမိ၏။

--------------
ရှင်းခန့်စိတ်တွေထိုလူ၏နှုတ်ခမ်းနှင့်တင်ပြီးမြောက်သွားတာကိုလက်မခံချင်။ဒါကြောင့်သူသောက်တဲ့နွားနို့ထဲအိပ်ဆေးခပ်ခဲ့ကာစမ်းသပ်မိလေ၏။ လုံးဝမျက်ခွံပင်မပွင့်နိုင်တဲ့လရိပ်ကသူထိတွေ့လိုက်တိုင်းရှောင်သွားသေးသည်။ဘာလို့အရမ်းချစ်ဖို့ကောင်းရတာလဲဆိုပြီးမဆီမဆိုင်တွေးမိလို့ကိုယ့်ပါးကိုယ်ပြန်ရိုက်လိုက်ရသေးသည်။
လရိပ်၏နှုတ်ခမ်းနုနုလေးကိုမရဲတရဲနမ်းရှိုက်သည့်အခါ လရိပ်ခေါင်းလေးကဖြေးညှင်းစွာခါလာသည်။ဘာကြောင့်မှန်းမသိသူ့နှုတ်ခမ်းလေးကဘယ်သူနဲ့မှမတူအရမ်းအသာရှိတာကြောင့်နှုတ်ခမ်းတစ်ခုလုံးပတ်ကာနမ်းရှိုက်နေမိ၏။လရိပ်ကရုန်းနေပေမယ့်တစ်ကိုယ်လုံးလေးပင်နေတာကြောင့်ရုန်းသည်မမည်ပဲနှုပ်ခမ်းလေးတွေက ပြန်နမ်းနေသကဲ့သို့ဖြစ်နေရာ ရှင်းခန့်အချိန်ကြာအောင်နမ်းရှိုက်နေမိသည်။ပြီးနောက်ရှင်းခန့်၏တစ်ကိုယ်လုံးထူးဆန်းတဲ့ခံစားချက်ဖြစ်ပေါ်လာပြီးရုတ်တရက် ရပ်တန့်ပစ်လိုက်လေ၏။လရိပ်ကတော့ တအင်းအင်းနှင့်ပြန်အိပ်ပျော်သွားခဲ့သည်။သေချာတာက လရိပ်ဒီပုံရိပ်ကိုမနက်မှတ်မိနေလိမ့်မည်။

My Bad Brother(Completed)Where stories live. Discover now