Part-3

7.8K 321 6
                                    

“အစ်ကို အစ်ကို လရိပ် ”

ခပ်သုပ်သုပ်ခြေလှမ်းတွေဖြင့် အခန်းထဲသို့ဝင်သွားတော့မည့်လရိပ်အနောက်မှ ရွှေရည်လိုက်လာလေ၏။ထို့ကြောင့်လရိပ်ခြေလှမ်းတွေတုန့်ကနဲရပ်သွားပြီးလှည့်ကြည့်လာ၏။

“အော် ရွှေရည်ပြောလေ"

“မနက်စာမစားတော့ဘူးလား။ရွှေရည်အစ်ကို့ကိုစောင့်နေတာ အခုထိဘာမှမစားရသေးဘူး”

“အာ..အစ်ကိုဒီနေ့ကိစ္စလေးရှိလို့ ရွှေရည့်ဘာသာသွားစားနော်”

“အာ...ဟုတ်ကဲ့အစ်ကို”

ညိုးကျသွားသည့်ရွှေရည်၏မျက်နှာနုနုလေးကြောင့်ချက်ချင်းပင် လိုက်သွားချင်ပေမယ့် မျက်လုံးစူးစူးတစ်စုံကသေချာပေါက်အနီးနားမှာရှိလိမ့်မည်။ကိုယ့်ကျောင်းကိုယ်မသွားပဲ သူများကျောင်းထဲလာပြီး ဘယ်လိုချွန်တွန်းလုပ်ရမလဲအပြစ်လိုက်ရှာနေတာ။ဘာကြောင့်လဲရှင်းခန့် မင်းရောငါ့ကိုအဲ့လိုနှောက်ယှက်ရတာပျော်သလား။

--------

ဒီနေ့ရှင်းခန့် နေရထိုင်ရတာသိပ်မကောင်းသဖြင့် အိမ်ကိုသာပြန်လာလိုက်သည်။ဒီလူကသူ့ကိုယ်သူရိုးသားကြိုးစားတယ်ဆိုပြီးပါပါးရှေ့မှာအမှတ်ယူနေတာ။ဘယ်ချိန်ထိဟန်လုပ်နိုင်မလဲကြည့်ကြသေးတာပေါ့။ပြီးတော့ရှင်းခန့်ဒီလူရဲ့အိပ်ယာမှာပဲအိပ်ရတာအသားကျနေပြီး သူ့ကိုလဲဒုက္ခပေးပြီးသားဖြစ်အောင်ဒီအခန်းထဲမှာပဲလာနေဖြစ်သည်။

ဒီနေ့ဘယ်လိုနေ့မျိုးလဲ ရှင်းခန့်၏တင်းကျပ်နေသည့်တစ်နေရာကအလွန်အမင်းကိုခံရခက်နေပြီးဖြေလျှော့နေတာကြာပြီဖြစ်ပေမယ့်အခုထိ မပြေသေး။
တစ်ကိုယ်လုံးချွေးတွေရွှဲနေပြီး ရေချိုးခန်းတစ်ခုလုံးလဲသူ့အသံမးဖြင့်ဆူညံလျှက်ရှိရာ....

“ချောက်!”

“ဟင်!”

တံခါးချက်ကမချထားသဖြင့် ရုတ်တရက် လရိပ်ကဖွင့်ဝင်လာတာဖြစ်ပြီး ရှင်းခန့်အားအပေါ်အောက်တစ်လှည့်စီပြူးကြည့်လျှက်...

“မင်း! မင်း!”

“ခင်ဗျားတံခါးလေးဘာလေးခေါက်ပါလား။”

My Bad Brother(Completed)Where stories live. Discover now