Part-16

6K 254 3
                                    

သူတို့ကားလေးဟာ ည7မှ ပဲခူးသို့ထွက်လာခဲ့လေ၏။ရှင်းခန့်ဟာကားကိုအာရုံစိုက်မောင်းပြီးအလုပ်ကိစ္စအတွက်မကျေမနပ်ဖြစ်ကာ ပွဲစားဆီသို့တစ်လမ်းလုံးနီးပါးအော်ငေါက်နေသည်။

“မင်းဘယ်လိုတာဝန်ယူမှာလဲ”

“ကျွန်တော် အဲ့ကောင်ကိုဆက်သွယ်လို့မရဘူးဆရာရာယ်။ကျွန်တော့်အမှားပါ”

“မင်းအမှားဆိုတာနဲ့ပြီးသွားရောလား။အပန်းဖြေစခန်းကပြီးလုနီးပါးဖြစ်နေပြီ သိန်းထောင်ချီအကုန်ခံပြီးဆောက်ထားရတာ”

“ကျွန်တော် အဲ့ကောင်ကိုလိုက်ရှာပါ့မယ်”

“အဲ့ကောင်ကိုတွေ့တော့ရောအဲ့ကောင်က ဘာလုပ်ပေးနိုင်မှာလဲ။သူ့ကိုထောင်ထဲထည့်ရုံနဲ့တော့မကျေနပ်နိုင်ဘူး”

“တောင်းပန်ပါတယ်ဆရာရာယ် ကျွန်တော့်အမှားပါ”

အမြဲခြံရှာ အိမ်ရှာဒီကောင်လေးနဲ့ပဲမို့မျက်စိမှိတ်ပြီးလွှတ်ထားရာမှ ပြသနာအကြီးကြီးတတ်တော့သည်။ဒီဆုံးရှုံးမှုကိုကောင်လေးကဘာတတ်နိုင်မှာလဲ။သူ့အတွက်ဒါက တစ်စိတ်တစ်ဒေသဆုံးရှုံးမှုဖြစ်ပေမယ့်ထိုကောင်လေးကိုအလျှော်တောင်းရင် ထိုကောင်လေးတစ်ဘဝလုံးတောင်ပျက်သွားလိမ့်မည်။ရှင်းခန့်စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချကာ..

“ထားလိုက် မင်းအဲ့ဒီလူလိမ်ကိုသာရှာ။ငါပိုင်ရှင်နဲ့ညှိကြည့်မယ်”

“‌ဆ ဆရာ ပိုင်ရှင်ကခေါင်းမာနေတယ်။ဘိုးဘွားပိုင်မြေမို့လို့မရောင်းနိုင်ဘူးတဲ့။ဆောက်လက်စတွေဖျက်ပေးဖို့ကိုပဲတောင်းဆိုနေတယ်”

“ဟာ ချီးပဲ။တောထဲကမြေကွက်ကိုကွာ။ ရောင်းရင်တောင် ရောင်းမထွက်မယ့်ဟာကို”

ရှင်းခန့်ကိုကြည့်ပြီးလရိပ်မနေနိုင်မထိုင်နိုင်ဖြစ်ကာ မေးခွန်းထုတ်မိလေသည်။

“အဲ့တောထဲမှာ အပန်းဖြေစခန်းဆောက်တော့ရော ဘယ်သူလာမှာမို့လို့လဲ”

“သုံးမကုန်ဖြုန်းမကုန်ငွေပိုနေတဲ့လူတွေကဘယ်နေရာမှာ ဘာပျော်စရာရှိလဲဆိုတာပဲအမြဲရှာနေတာ”

My Bad Brother(Completed)Where stories live. Discover now