အရေးပေါ်အခန်းအရှေ့မှာ မထိုင်နိုင်ပဲ ဗျာများနေသူကရှင်းခန့်ဖြစ်သည်။ပါပါးလည်း စိတ်ပူတာမှန်ပေမယ့် ရှင်းခန့်ပုံစံကစိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေတာကြောင့် အရေးပေါ်ခန်းထဲကသားအတွက်ရော အပြင်ကသားအတွက်ပါ ဖခင်တစ်ယောက်အတွက်ပူလောင်နေရသည်။
“သား အရင်ဆုံးကိုယ်လက်ဆေးလိုက်ပါလား။”
လက်တွေရော အင်္ကျီတွေမှာရောမြင်မကောင်းအောင်သွေးတွေစွန်းနေတာကြောင့်သန့်ရှင်းရေးသွားလုပ်ခိုင်းပေမယ့် လရိပ်မထွက်မလာချင်းက သူမှာတစ်ဖဝါးမှ ရွေ့ဖို့အစီစဉ်မရှိ။
“ပါပါးက သူ့အမေကိုသတ်တယ်ဆိုတာဘာပြောတာလဲ။အဲ့ဒီ စောက်ဓိပ္ပါယ်မရှိတဲ့စကားဘယ်ကနေကြားလာတာလဲ”
“အဲ့တာ မတော်တဆဖြစ်တာ အဖြစ်ပျက်တွေကအရမ်းမြန်တယ်။ပါပါးကားကလမ်းမှန်မောင်းနေတာပဲ သူကရုတ်တရက်ကားလမ်းပေါ်တတ်လာပြီး ကားနဲ့တိုက်မိသွားတာ”
“ဒါဆိုပါပါးကားနဲ့တိုက်မိသွားတာပေါ့”
“တိုက်တော့တိုက်မိတယ်ဒါပေမယ့် သူ့အမေသေတာ ကားတိုက်တဲ့ဒဏ်ရာကြောင့်မဟုတ်ဘူး။ဦးနှောက်သွေးကြောပေါက်ပြီး သေသွားတာကြောင့် ပါပါးအမှုမဖြစ်ပဲအေးအေးဆေးဆေး လွတ်လာတာပေါ့”
ထိုစဉ် nurse မလေးထွက်လာပြီး..
“စိုးရိမ်ရတဲ့အခြေနေတော့မရှိတော့ပါဘူး၊ခေါင်းပေါက်ပြီး သွေးထွက်များသွာတာတာ ၅ချက်ချုပ်လိုက်ရတယ်။ လောလောဆယ်လူနာက မေ့ဆေးအရှိန်နဲ့အိပ်ပျော်နေပါတယ်”
အထဲမှ တွန်းထုတ်လာသည့် ကုတင်လှည်းလေးဆီသို့စိုးရိမ်တကြီးလှမ်းကြည့်လိုက်တော့ခေါင်းပေါ်မှာပတ်တီးအဖွေးသားနှင့် လရိပ်က အပြစ်ကင်းစွာအိပ်မောကျနေသည်။ သူ့ကိုသီးသန့်အခန်းထဲရွှေ့ပြီးပြီဆိုမှ ရှင်းခန့် ခပ်မြန်မြန်သန့်ရှင်းရေးလုပ်ကာ အဝတ်စားလဲလိုက်၏။ပြီးနောက် လရိပ်ဘေးမှာသွားပြန်ထိုင်လျှက် သူ့မျက်နှာလေးအား တစိမ့်စိမ့်ကြည့်ကာ ဒေါသစိတ်လား ဝမ်းနည်းစိတ်လား မကျေနပ်တဲ့စိတ်လားဝေခွဲမရအောင် ရှုပ်ထွေးနေသည်။
YOU ARE READING
My Bad Brother(Completed)
FantasyOC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။