Part-27

5.3K 233 8
                                    

လရိပ်ကပင်ပန်းသွားတာကြောင့် ရှင်းခန့်ကအခန်းထဲသို့ထည့်ကာအိပ်စေလိုက်သည်။သူလဲဘေးမှာဝင်လှဲမည်လုပ်ရာ ဖုန်းဝင်လာသဖြင့်ကောက်ကိုင်လိုက်၏။

“ဆရာ ရိုက်ကွင်းကိုခုလာခဲ့ပေးပါလား”

“ဘာဖြစ်လို့လဲ ”

“မင်းသားကဆရာနဲ့ပဲ ညှိမယ်လုပ်နေတယ်”

“ဒီနေ့ ငါ့ပိတ်ရက် ငါမအားဘူး”

“ဒါပေမယ့်ဆရာ နဲ့မှ မဟုတ်ရင် ကြေငြာဆက်မရိုက်တော့ဘူးတဲ့”

“ကျစ်!”

သူစုပ်တစ်ချက်သပ်ကာ လရိပ်အားပါးလေးကိုငုံ့နမ်းလျှက်..

“မောင်အလုပ်ခဏသွားမယ်နော်”

လရိပ်က အိပ်ချင်မူးတူးခေါင်းလေးငြိမ့်ပြလေသည်။

--------

အဆက်မပြတ်ဝင်လာတဲ့ဖုန်းကြောင့် လရိပ်နိုးလာလေ၏။အချိန်ကား ည၈နာရီပင်ရှိနေပြီ။

“အိုး ငါအကြာကြီး အိပ်ပျော်သွားတာပဲ”

လရိပ်ကအမြန်ထပြီးဖုန်းကိုကိုင်လိုက်ရာမှာ တစ်ဖက်မှ..

“အိပ်နေပြီလား အဟင်း”

“မင်းဘယ်သူလဲ”

“ကျွန်တော့်ကိုမမှတ်မိဘူးလား။ အစ်ကိုအိပ်နှင့်ရင်အိပ်နှင့်ပါပြောမလို့ ဒီနေ့ရှင်းခန့်က နည်းနည်းနောက်ကျမှာ”

“ဘာ မင်း!”

“အစ်ကို စိတ်လိုက်မာန်ပါလုပ်မယ်မကြံနဲ့နော်။ အခုတောင်ကျွန်တော်က စိတ်ဆိုးပြီးကြေငြာမရိုက်တော့ဘူး လုပ်လို့ရှင်းခန့်ကလာချော့တာ”

“တောက်!”

လရိပ်စိတ်တိုစွာဖုန်းကိုချပစ်လိုက်သည်။

“မင်းတို့ငါ့ကိုဘာထင်နေလဲ။ငါ့ကိုမလုပ်ရဲဘူးထင်နေတာလား။ငါအရင်က လိုပျော့ညံ့ပြီးတစ်ယောက်တည်းကြိတ်ခံစားတတ်တဲ့လရိပ်နွေးမဟုတ်ဘူး”

-----------

“အစ်ကို ရှင်းခန့်ကိုအလုပ်ရှုက်စေမိပြီ။ကျွန်တော်ကတိတိကျကျအစ်ကိုယ့်နှုတ်ကပြောတာပဲကြားချင်တာ။အဲ့တာမှစိတ်ချလက်ချအိပ်နိုင်မှာ”

My Bad Brother(Completed)Where stories live. Discover now