Part-15

6.5K 276 0
                                    

လရိပ်နှင့်ရဲရဲဟာ နောက်တစ်ပတ်အလုပ်ပိတ်ရက်တွင် သန်လျှင်ကမိဘမဲ့ဂေဟာကိုသွားခဲ့သည်။သူတို့ဖြစ်စေချင်တဲ့အလှူလေးအထမြောက်တော့မယ်ဆိုတာတွေးရင်းနှစ်ယောက်သားအတိုင်းမသိဝမ်းသာနေကြသည်။

“အစ်ကို့အမျိုးသားက အစ်ကိုလိုသလောက်ပိုက်ဆံကိုထုတ်ပေးလိုက်တာပဲလား”

“အာ..အင်း အလှူပဲလေ။မဟုတ်တဲ့နေရာသုံးမှာမှမဟုတ်တာ”

“ဝှားအရမ်းမိုက်တာပဲ”

ရဲရဲကသူ့ကိုအားကျသည့်အကြည့်တွေနှင့်ကြည့်နေရာ သူမှာတော့ဟိုညကအဖြစ်ပျက်တွေခေါင်း‌ထဲမဝင်မိအောင်မနဲထိန်းနေရသည်။ မကြာခင်မှာပဲ သူတို့မိဘမဲ့ဂေဟာလေးကိုရောက်ရှိလာပြီဖြစ်သည်။ကားနှင့်သာမက အတွင်းထဲသို့ဆိုင်ကယ်နဲ့ပါထပ်ပြီးဝင်ရသေးသည်။သူတို့ရောက်သည်နှင့်ဟိုနေ့ကခင်ခဲ့တဲ့ဆရာမလေးကအားရဝမ်းသာပြေးလာပြီးကြိုဆိုလေ၏။

“ဆရာတို့။ကျွန်မဖြင့်မျှော်နေတာ”

“မျှော်နေတာ!”

ရဲရဲကနားမလည်နိုင်စွာမေးလိုက်သည်။မျှော်နေတယ်လို့ဆိုရအောင် သူတို့ကအလှူတွက်ကြိုတင်ဖုန်းဆက်ထားခြင်းလဲမရှိ။ဒါကိုဘာလို့မျှော်နေရတာလဲသူတို့အံ့ဩမိတာဖြစ်သည်။ ထိုနောက်သူတို့ကလေးတွေဆီလှမ်းကြည့်လိုက်ရာအရင်ကယိုယွင်းပျက်စီးနေသည့်တဲစုတ်လေးအစား၃ထပ်အဆောက်ဦးဆောက်လက်စကိုမြင်တွေ့လိုက်ရတာတာကြောင့်နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထပ်မံအံ့ဩရပြန်၏။

“အာ...‌ဆရာမ အလှူရှင်ရသွားတာလား။ဝမ်းသာလိုက်တာ။မဟုတ်ရင်တောင်ကျွန်တော်တို့အခုပဲလှူမလို့”

လရိပ်၏အပြောကြောင့်ဆရာမလေးကအနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး..

“ဆရာ့နာမည်ကလရိပ်နွေးမဟုတ်လား”

“အ့ ဟုတ်ပါတယ်”

“ဒါက အစ်ကို့အမျိုးသားဆိုတဲ့လူက လှူသွားတာပါ။ဒီကျောင်းအတွက်ပြုပြင်မွန်းမံဖို့ကိုသူ လုပ်နေတာနှစ်တစ်ဝက်လောက်ရှိပြီ။သူ့အမျိုးသားကအရမ်းလှူချင်နေတာနဲ့အချိန်မဆွဲပဲအကောင်ထည်ဖော်လိုက်တာတဲ့လေ။ပြီးတော့ ဒီကကလေးတွေဆီကခေါင်းပုံဖြတ်နေတဲ့လူကြီးလဲမရှိတော့ဘူး”

My Bad Brother(Completed)Where stories live. Discover now