Part-26

5.7K 226 6
                                    

“အစ်ကိုနေဝန်း”

“ဟာ ရှင်းခန့်လာလေ”

“အစ်ကိုအမျိုးသားကိုယ်ဝန်နဲ့ဆို”

“အင်း အခုမှ၃လပဲရှိသေးတယ်။အရမ်းပင်ပန်းနေလို့ဂရုစိုက်နေရတယ်။”

ထိုစဉ် နေဝန်း၏အမျိုးသား ခတ္တာက ဗိုက်ကလေးဖိပြီးထွက်လာသည်။ဆံပင်ကွေးကွေး နဲ့ဂုတ်ဝဲလေးဖြစ်ပြီး အရင်ကထက်အနည်းငယ်ဝလာသည့်လူကကော်ပတ်ရုပ်လေးလိုအရမ်းချစ်စရာကောင်းသည်။ဒါကြောင့်လဲနေဝန်းက သဲသဲလှုပ်ဖြစ်နေရတာ။

“နေရတာဘယ်လိုလဲ ခက်လေး”

“အရင်နေ့တွေထက်စာရင်တော့အဆင်ပြေပါတယ်။”

ခတ္တာကထိုင်ခုံမှာထိုင်လိုက်တော့ နေဝန်းကသူ့ဆံပင်လေးတွေကိုနားမှာသပ်တင်လိုက်ပြီး ပါးလေးကိုမြုတ်နေအောင်နမ်းလိုက်ရာ ရှင်းခန့်အကြည့်တွေကဘယ်ကိုပို့ရမှန်းမသိအနေခက်ရပြန်၏။ဒီလူ ပိုကိုပိုတယ်။

“‌ မောင်ကလဲ ရှင်းခန့်ကိုအားနာစရာကြီး ဘယ်လိုဖြစ်နေတာလဲ”

“sorry ရှင်းခန့်ရာ ငါ့မိန်းမကိုငါမြင်ရင် ထိန်းမရဘူး အဟီး”

“သိပါတယ်ဗျာ”

“ဒါနဲ့မနက်ဖြန်မင်းနားရက်မဟုတ်လား ငါတို့ တစ်နေရာမှာဆုံရအောင်”

နေဝန်းက ထိုသို့ပြောတော့ရှင်းခန့်က အားနာပါးနာနှင့်ပြုံးလျှက်..

“အဲ့တာတော့မဖြစ်ဘူးထင်တယ်။ကျွန်တော်တို့က ပိတ်ရက်လေးပဲကောင်းကောင်းတွေ့ရတာအဟီး”

“မင်းငါ့ကိုကြတော့ပြောတယ်။အခုမင်းသိပြီမဟုတ်လား”

“နောက်တစ်နေ့မှပဲ အလုပ်ဖျက်ပြီး သွားကြမယ်။အစ်ကိုရောလာလို့အဆင်ပြေပါ့မလား”

ထိုအခါ ခတ္တာကမျက်စောင်းလေးထိုးပြီး..

“ငါ့ကိုဘယ်လိုမျိုးများထင်နေတာလဲ။နေရာတကာ လိုက်ပြောနေတာမဟုတ်ပါဘူးနော်။”

“ဟုတ်ပါပြီ။သိပါတယ်အစ်ကိုရာ စတာပါ။ကျွန်တော်ပြန်ဦးမယ်”

“ဟင်!ခုမှရောက်တယ်။”

“အဲ့ တာက မနက်ဖြန်ပိတ်ရက်မှာ အခွေကြည့်ချင်တယ်ပြောထားလို့ သွားရှာဝယ်ရဦးမယ် အဟဲ”

My Bad Brother(Completed)Where stories live. Discover now