Part-13

6.8K 289 5
                                    

ခမ်းနားလှသည့်မင်္ဂလာဆောင်သို့ လရိပ်၏လက်ရှိတွဲဖက်လုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်များရောက်ရှိနေပြီဖြစ်သည်။သူ့တို့အားလုံးဝိုင်းတစ်ဝိုင်းမှာတစ်စုတစ်စီးတည်းရောက်နေကြတာကြောင့် လရိပ်ကပြင်ဆင်ပြီးတာနှင့် သူတို့ကိုအရင်ဆုံးလာနှုတ်ဆက်လေ၏။

“ဝါး...အစ်ကို မင်းအရမ်းချောတာပဲ”

အနီရောင် ဝတ်စုံလေးဖြင့်လရိပ်၏အသားဖွေးဖွေးလေးမှာတောက်ပလျှက်ရှိနေသည်။လက်ဝတ်လက်စားတွေကစိန်နှင့်ပင်ပြုလုပ်ထားတာကြောင့်ကိုယ်ရောင်ကိုယ်ဝါက လိုတာထက်ပိုပြီးတောက်ပနေသည်။ သူ့သူငယ်ချင်းတွေနှင့်စကားပြောနေစဉ် အနောက်မှလာရပ်သူကြောင့် လရိပ်လှည့်ကြည့်လိုက်ရာ ရှင်းခန့်က သူ့လက်မောင်းကိုကွေးလျှက်တွဲရန် အချက်ပြုလေသည်။ လက်မောင်းကိုတွဲပြီး လရိပ်ရှင်းခန့်ကိုတအံ့တဩကြည့်နေမိသည်။ သူ့အသားရောင်နဲ့မလိုက်ဖက်သည့် အနီရောင်ကိုရွေးခဲ့ပေမယ့် အကြည့်ရမဆိုးပဲ ခန့်ညားနေ၏။ဆံပင်ကောက်ကြီးတွေကို သပ်ရပ်စွာဖီးပြီး နောက်ပြန်လှန်ထားသဖြင့် ဆွဲဆောင်မှုရှိတဲ့ နှဖူးရိုးတို့ကအတိုင်းသားသေသပ်နေသည်။

မင်္ဂလာအသဲသန်ဆောင်ချင်နေသူက ရှင်းခန့်ဖြစ်ပေမယ့် သူကတစ်ချိန်လုံးစူပုတ်နေသည်။မသိရင်သူ့ကိုအတင်းယူထားသလိုလို...

“မင်း မျက်နှာကဘာဖြစ်နေတာလဲ”

“......”

“ငါနဲ့မင်္ဂလာမဆောင်ချင်ရင် မဆောင်ပါနဲ့လား”

“ကျုပ် ဟိုဝိုင်းကလူကိုမကြိုက်ဘူး။အဲ့တာဘယ်သူလဲ”

လရိပ်လှမ်းကြည့်လိုက်သည့်အခါ ထိုအသက်၅၀ အရွယ်လူကြီးကပြုံးပြလေ၏။

“သူက Green grap ရဲ့ဆေးရုံအုပ်ပါ။ငါတို့ဆေးရုံကိုလာရင်း ရင်းနှီးသွားတာ”

“ဝေးဝေးနေ ရုပ်ကနှာဘူးရုပ်နဲ့”

အချိန်ပို သွားဆင်းနေတာကိုသိရင်သေချာပေါက် ပြသနာရှာဦးမှာဖြစ်လို့လရိပ်ညာပြောလိုက်ရသည်။ပြီးတော့သူများကိုနှာဘူးရုပ်တဲ့ သူများကိုနှာဘူးလိုက်ထနေတာဘယ်သူလဲ။

My Bad Brother(Completed)Where stories live. Discover now