သူ့တို့အိမ်ပြန်ရာလမ်းလေးမှာဖြစ်သည်။Express ကားလေးပေါ်တွင် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း အစိမ်းသက်သက်ဖြစ်သည့် ရှုခင်းတွေကိုကြည့်နေ၏။
“နေရတာသက်သာရဲ့လား”
“အင်း..သက်သာတယ်။ငါအလုပ်မသွားရတာတော်တော်ကြာပြီ။”
“တစ်ရက်နှစ်ရက်လောက်နားပါဦး”
“ငါအားတွေပြည့်နေပြီ”
“ပိန်လှီနေတဲ့ မျက်နှာကိုပြန်ကြည့်ပါဦး။မနားရင် အလုပ်ပါမသွားခိုင်းတော့ဘူး”
“မောင်ကလေ။အမြဲတဇွတ်ထိုး”
“အပိုမပြောဘူး လုပ်ကြည့်လိုက်”
“ငါစိတ်တိုလာမယ်နော်!”
“ဂရုမစိုက်ဘူး။ ဒီထက်ပိုပြီးလွှတ်မထားနိုင်တော့ဘူး။”
“အဲ့တာမင်းကြောင့်လေ။”
“ဒါနဲ့ ကျွန်တော်သေပြီထင်ပြီး လိုက်သေဖို့လုပ်ခဲ့တာလား”
လရိပ်မျက်နှာလေး ချက်ချင်းပင်နီရဲသွားပြီး မျက်တောင်လေးတွေတဖျက်ဖျက်ခတ်သွားတော့ ရှင်းခန့်ပိုတိုးလို့စချင်လာသည်။
“မောင့်ကို ချစ်လား”
“ကျစ်...ငါပင်ပန်းနေလို့အိပ်တော့မယ်”
ရှင်းခန့်အများကြီးလဲထပ်မစရဲ။အရင်ကလိုမဟုတ်ပဲ တစ်ဆိတ်ရှိ မျက်ရည်ကျလာတာကြောင့် အိပ်ချင်ဟန်ဆောင်နေသူရဲ့နှဖူးလေးကိုဆံပင်လေးတွေသပ်တင်ပေးလိုက်သည်။
-----------
အိမ်ပြန်ရောက်တော့ ပါပါးကဆေးရုံမှဆင်းလာပြီဖြစ်ပြီး သူ့တို့နှစ်ယောက်ကိုဖက်ပြီးငို၏။
“ပါပါးတို့သားအဖဘယ်လိုဖြစ်နေတာလဲ။မျက်ရည်တွေတအားပေါလာကြပါလား”
“ငါတို့မင်းကိုအရူးလိုရှာခဲ့ရတာ”
ရှင်းခန့်ကလရိပ်ကိုကြည့်လိုက်တော့ လရိပ်မျက်နှာလေးရဲကာရှက်သွားပြီး တစ်ဖက်ကိုမသိမသာလှည့်လိုက်သည်။ထိုအခါ လေးလေးမိုးလေးတို့တူရီးကိုတွေ့လိုက်ရတာကြောင့်..
“လေးလေးမိုးလေး!”
သူရကတော့ သူ့အမှားကြောင့်မျက်နှာပင်မော်မကြည့်ရဲပေ။
BẠN ĐANG ĐỌC
My Bad Brother(Completed)
Viễn tưởngOC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။