1.2K 210 14
                                    

人鱼陷落
Ren Yu Xian Luo



UNICODE


"မလှုပ်နဲ့။"

ပိုင်ချူနျန် ရေပန်း,ကန်ထဲကရေဖြင့် လန်ပေါပါးပြင်နှင့်ကိုယ်ထက်ကသွေးများကို ဆေးကြောပေးလိုက်ပြီး ထိုသူ့လက်ထဲကဓားမြှောင်ကိုပါလှမ်းယူကာ မိမိယူနီဖောင်းထက်ကလက်နက်အိတ်ထဲထိုးထည့်ထားလိုက်ပါသည်။ အလောင်းနှစ်လောင်းခါးပတ်ထက်က ပေါက်ကွဲမှုဟန့်တားစေသည့်ကိရိယာနှစ်တောင့်ကိုလည်းဖြုတ်ယူလိုက်ပြီး လန်ပေါခါးပတ်ပေါ်ခပ်မြန်မြန်ပဲတပ်ပေးလိုက်၏။ သူ့အလိုအလျောက်ပေါက်ကွဲဖို့နောက်ပြန်ရေတွက်နေသည့်အချိန်မှာ (၁)မိနစ်(၉)စက္ကန့်မှတည် (၂)နာရီအဖြစ်သို့ပြောင်းလဲသွားတော့သည်။

လန်ပေါက အလှပြရေပန်း၏စကျင်ကျောက်ဘောင်ပေါ်၌ထိုင်နေလျက် မျက်ဝန်းတို့မှေးစင်းကာ ခေါင်းကိုမော့ထား၏။ စိုရွှဲနေသည့်ရွှေရောင်ဆံပင်တို့က ရေတစ်စက်စက်ကျနေကာ ရေစက်တို့က လည်ပင်းတစ်ဝိုက်ကပတ်တီးအတွင်းစီးဝင်အဆုံးသတ်သွားလေသည်။

ယခုလေးတင် တိုက်ခိုက်မှုပြီးဆုံးထားတာဖြစ်၍ သူ့ဂလင်းပြင်ပ၌pheromone အနည်းငယ်ပျံ့လွင့်နေသေးကာ ကိုယ်ထက်နှင်းဆီရိုင်းဖြူရနံ့ခပ်သင်းသင်းရလျက်ရှိသည်။

အစကတော့ ဒီငါးတော့ မှာထားတာကိုမလိုက်နာရကောင်းလားဟု ဆူပစ်ချင်မိနေတာပေမယ့် ထိုရင်းနှီးကာနွေးထွေးသည့်pheromoneအငွေ့အသက်ကို ရှူမိချိန်မှာတော့ ပိုင်ချူနျန်မှာ ချော့မော့ခံလိုက်ရသလို ခံစားမိရချေသည်။ လန်ပေါဆံပင်တို့ကိုအသာလေးပွတ်သပ်ပေးမိရင်းမှ ဆောင့်ကြောင့်ထိုင်ကာ ထိုသူ့အားစည်းကမ်းတွေကိုအသေးစိတ်တစ်ခေါက်ပြန်ပြောပြပေးလိုက်ပါသည်။

"ကိုယ် မင်းကိုချလို့ပြောမှချရမယ် ၊ ကျန်တဲ့အချိန်ဆိုလူမရှိတဲ့ထောင့်တစ်နေရာရှာပြီး ထိုင်နေရုံနဲ့ရပြီ။"

လန်ပေါက နှုတ်ခမ်းကိုစူထားကာတွေးဆနေပြီးမှ ကြိုးကြိုးစားစားနှုတ်ဟလာပါ၏။

"a."

ပိုင်ချူနျန်သောကရောက်လျက် ဆံပင်တွေကိုဆွဲဖွပစ်မိရလျက်။ ယုန်ပေါက်ကိုကူပြီး ကြယ်ငါးပွင့်ခြောက်ပွင့်ယူပေးရမှာက လွယ်လွန်းလှသည် ၊ သို့တိုင် လန်ပေါအား ကြယ်ခုနှစ်လုံးအထက်မရစေအောင်တားဖို့ကတော့တကယ့်ပြဿနာပါပင်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now