၄၇

489 65 4
                                    

人鱼陷落
REN YU XIAN LUO


UNICODE


နာမကျန်းဆေးရုံ : လူပြက်တစ်ယောက်သာ


မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ တိုက်ခန်းတိုင်း၏ မီးဖိုချောင်တွင်းမှ ထမင်းဟင်းရနံ့တို့သင်းပျံ့လို့နေသည်။ ပိုင်ချူနျန်တစ်ယောက် လေချွန်လျက် အနက်ရောင်လက်ပြတ်အင်္ကျီဘောင်းဘီတိုဖြင့် ညှပ်ဖိနပ်စီးကာ ဓာတ်လှေကားတွင်းဝင်ရောက်လိုက်ပါသည်။ ဘယ်လက်ကအသီးအရွက် ညာလက်မှာတော့အသားတို့သယ်လာ၏ ၊ ဘယ်လက်၌လက်နှစ်ချောင်းဖြင့် ကြက်သွန်မြိတ်ကိုခွဲကိုင်ကာ ညာလက်တွင် ဖုန်းနှင့်သော့ကိုပါညှပ်ကိုင်ထားလျက်။ သီချင်းလေးညည်းလို့ တံခါးကိုကန်ဖွင့်ရင်း တဖန်ခြေထောက်နှင့်ပဲ တံခါးကိုပြန်ကန်ပိတ်လိုက်လျက် မီးဖိုချောင်ထဲသို့ အေးအေးဆေးဆေး လျှောက်ဝင်သွားလိုက်သည်။ အသီးအရွက်တို့ကို ရေဆေးကာလှီး ၊ အသားတောက်တောက်စင်းထဲ ကော်မုန့်နှင့်ဟင်းခတ်အမွှေးအကြိုင်တို့ထည့် ၊ အိုးထဲရေထည့်ကျိုကာ တစ်ခါသုံး ပလတ်စတစ်လက်အိတ်စွတ်လိုက်လျက် အသားလုံးများလုံးလို့ အိုးထဲထည့်လိုက်ပါပြီး နောက်ဆုံးတွင် ဟင်းနုနွယ်ရွက်အားအိုးထဲသို့ထည့်၏။

အိုးထဲ၌ အသားလုံးများပေါလောပေါ်လာ၏ ၊ ပိုင်ချူနျန်သည် အပြာရောင်လှိုင်းတွန့်နှင့်အစက်များပါသည့်အေပရွန်ကို ၀တ်ဆင်ထားလျက် အိုးဘေးတွင်ရပ်ကာ ဇွန်းဖြင့်ရံဖန်ရံခါ မွှေလို့ပေးသည် ၊ မွှေးရနံ့တို့က ပြတင်းပေါက်အပြင်တိုင် ပျံ့လွင့်လို့သွား၏။

ပန်းကန်စင်ပေါ်တင်ထားသည့် ဖုန်းက အသံမြည်လာကာ စခရင်ထက် 'ဘော့စ်'ဟုပေါ်နေလေသည်။

ပိုင်ချူနျန်သည် လက်ကရေတွေကို အေပရွန်ပေါ်ဖြစ်သလိုသုတ်လိုက်ပါပြီး သီးချင်းညည်းလျက် ကောက်ကိုင်လိုက်ပါ၏။

ယန်ယိ : "အိမ်မှာနေပြီး ကိုယ့်အမှားကိုယ်ပြန်ဆန်းစစ်တာ ဘယ်လိုနေလဲ?"

"မဆိုးပါဘူးမဆိုးပါဘူး။"

ပိုင်ချူနျန် ဟင်းရည်တစ်ဇွန်းကို ငုံ့ကာမြည်းကြည့်ရင်းမှ. .

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now