၄၂

418 81 2
                                    

人鱼陷落
REN YU XIAN LUO



UNICODE



အိပ်ခန်းထဲမှာတုန်းက လန်ပေါသည် မဆင်မခြင် ကျူးကျော်ဝင်ရောက်လာသူအား ဓာတ်လိုက်ပစ်ခဲ့တာပြာပင်ဖြစ်သွားခဲ့သည်။ ထို့အပြင် ဒီရေချိုးခန်းထဲက ရေကန်အတွင်းတွင်လည်း ထူးထူးခြားခြားလျှပ်စစ်ဓာတ်တို့ ယိုစိမ့်မှုဖြစ်နေပြန်ရာ ပိုင်ချူနျန်ကတော့ ဒါကတိုက်ဆိုင်မှုရှိတာဟုမယုံ။ စောစောက တဘက်စင်ပေါ်တွင် သူတွေ့လိုက်ရသည့် မှတ်စု၏ အကြောင်းအရာများကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်။

ပျောက်ဆုံးနေသည့် စာရေးဆရာချန်ခဲ့သည့်စာထက်၌ 'တစ်ခုတည်းသောစားစရာဆိုလို့ ရေချိုးကန်ထဲက ရေတွေပဲရှိတယ် ကံကောင်းထောက်မစွာပဲ ရေက အဆိပ်မရှိလို့ ၊ ငါနာရီအနည်းငယ်တော့ တောင့်ခံနိုင်သေးတယ်။' ဟုရေးထားခဲ့၏။ ဒါက ပျောက်ဆုံးနေသော စာရေးဆရာသည် ရေချိုးကန်မှ ရေကိုသောက်ခဲ့ကြောင်းနှင့် သူသည် မှတ်စုကိုပင်ချန်ထားနိုင်ခဲ့ကာ လျှပ်စစ်ရှော့တိုက်မှုမရခဲ့ကြောင်းညွှန်ပြနေလျက် ၊ ဤသည်မှာ 324သည် ထိုအချိန်က လန်ပေါ၏ လျှပ်စီးထုတ်လွှတ်တဲ့စွမ်းရည်ကို မမြင်တွေ့ရသေးသောကြောင့် ထိုအချိန်ကရေကန်အတွင်းရှိ ရေတို့မှာ လျှပ်စစ်စီးမနေသေးကြောင်းပြသလို့နေသည်။

ထို့အပြင် 324သည် လွန်ခဲ့သည့်သုံးနှစ်က မုန်တိုင်းတပ်ဖွဲ့၏ဗိုလ်မှူးနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးကဒဏ်ရာရခဲ့ကာ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေး။ မဟာမိတ်အေးဂျင့်တစ်ဦးအနေဖြင့် ပိုင်ချူနျန်သည် စစ်တပ်ဘက်အားအသေးစိတ်စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။ သူသည် တပ်မှူးတိုင်း၏ ခွဲထွက်စွမ်းရည်တွေကို သေချာပင်သိရှိထားပြီးဖြစ်၏—- —- ဟယ်ဆော်ဝေ့ ပြောခဲ့သည့် PBBWမုန်တိုင်းအထူးတပ်ဖွဲ့၏ဗိုလ်မှူး တောင်ခြင်္သေ့Alpha ၊ J1စွမ်းရည်သည်ကား ဆွဲငင်အားခြယ်လှယ်ခြင်း။

"မင်းပြောတာမှန်တယ်။"

အိန်းခယ်သည် ဖိုင်Fထဲကအကြောင်းအရာ အသေးစိတ်ကို အမှန်အကန်ပဲပြောပြလိုက်တော့သည်။


အထူးစစ်ဆင်ရေးသုံးလက်နက် အမှတ်စဉ်324

ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now