၂၉

787 139 7
                                    

人鱼陷落
REN YU XIAN LUO


UNICODE


ခန်းမတွင်းရှိကွန်ပျူတာမှနေ သတိပေးသံတစ်ချက်ထပ်မံထွက်ပေါ်လာခဲ့၏။

နံပါတ်857စမ်းသပ်ခံခန္ဓာအား Accelerantစိတ်ချောက်ချားဆေး ထိုးသွင်းခြင်းအောင်မြင်သွားပါပြီ။

နံပါတ်857စမ်းသပ်ခံခန္ဓာရဲ့ကြီးထွားမှုအရှိန်မြှင့်တက်နေစဲရှိ. . .  . . .

(၅)စက္ကန့်အပြီးမှာတော့ ပျိုးထောင်စဲကာလအဆုံးသတ်မှာဖြစ်ပါတယ်။

ငါး ၊

လေး ၊

သုံး ၊

နှစ် ၊

တစ်___ ___

နံပါတ်857စမ်းသပ်ခံခန္ဓာ လျှပ်စီးတစ္ဆေရဲ့အရွယ်ရောက်ခြင်းကာလနိုးထလာပြီဖြစ်ပါတယ် ၊ ကျေးဇူးပြုပြီး သတိဝရိယကြီးကြီးနေကြပါ! ကျေးဇူးပြုပြီး သတိဝရိယကြီးကြီးနေကြပါ!


မြွေသည်ကား နားပါးလွန်းရာ မိမိမြင်ကွင်းအားဆွဲဆောင်ထားသည့် သရဲရှာဖွေရေးအဖွဲ့ဝင်ကိုချက်ချင်းပဲလက်လွှတ်လိုက်တော့ပြီး ဒေါသထွက်စွာလှည့်လာပါ၏။

မြွေမမျက်ရှင်၏ဂလင်းခွဲထွက်စွမ်းရည်မှာ M2အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ဂလင်းအဆင့်တစ်ခါတက်တိုင်း မိမိ၏ဇီဝရုပ်နှင့်ကိုက်ညီသည့် ကျပန်းတွဲဖက်စွမ်းရည်အား သေချာပေါက်ပိုင်ဆိုင်လာမှာပဲဖြစ်သည်။ အဆင့်မြင့်လေလေ ပိုင်ဆိုင်သည့်တွဲဖက်စွမ်းရည်ကလည်းပိုလို့အားကောင်းလာမှာပဲဖြစ်၏။

လေထုအတွင်း ဘယ်ရီသီးpheromoneအငွေ့အသက်က ပိုလို့စူးရှပြင်းထန်လာပြီး မြွေမမျက်ရှင်သည်လည်း ပိုလို့ကမူးရှူးထိုးဖြစ်လာလျက်။ မျောလွင့်မျက်ဆန်နှစ်လုံးအား မျက်အိမ်စီပြန်ခေါ်ယူလိုက်ပြီး မျက်ဝန်းတစ်စုံကိုစည်းပတ်ထားသည့် ဆေးရုံသုံးပတ်တီးအားဖြေလိုက်ပါတော့သည်။ ရွှေရောင်မျက်ဆန်ရှိသည့်မြွေမျက်လုံးက အငြိုးကြီးစွာဖြင့်ခက်ထန်နေ၏ ၊ တစ်ကိုယ်လုံးရှိအင်အားတို့အား ဂလင်းစီသို့စုစည်းပို့ကာ အကျိုးဆက်ကိုထည့်မတွက်တော့ဘဲ M2ခွဲထွက်စွမ်းရည် 'ရွှံ့နွံ'ဆိုသည်အားထုတ်သုံးလာပါတော့သည်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now