၃၂

754 168 5
                                    

人鱼陷落
REN YU XIAN LUO


UNICODE


လန်ပေါမှာ အတော်လေးပင်ပန်းသွားခဲ့ရ၍ တစ်လမ်းလုံးပဲပိုင်ချူနျန်၏ပေါင်ပေါ်၌သာ အိပ်လိုက်လာခဲ့သည်။ လမ်းခုလတ်၌ ပိုင်ချူနျန်ကခြေထောက်တို့ထုံကျဉ်လာသဖြင့် အနေအထားပြောင်းချင်သော်ငြား Omega၏ငြိမ်သက်ကာအိပ်ပျော်နေသည့်မျက်နှာလေးကိုကြည့်ပြီး ကြက်သေသေလို့သွားရလျက် ထိုသူ့အားနှိုးလိုက်ဖို့ပင်မေ့သွားခဲ့ရ၏။

ပိုင်ချူနျန်က တစ်လမ်းလုံးနှစ်သိမ့်သည့်pheromoneတို့မပြတ်လွှတ်ထုတ်ပေးနေသောကြောင့် တကယ်လည်းပဲ လန်ပေါကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်။ Alpha၏နှစ်သိမ့်သည့်pheromoneတို့က Omegaအတွက်တော့အကောင်းဆုံးသော အိပ်ဆေးပါပင်။

"မင်း ကိုယ့််အပေါ်ဘယ်လိုခံစားချက်မျိုးရှိနေတာလဲ?"

ပိုင်ချူနျန် ထိုသူ့၏ရွှေရောင်ဆံနွယ်တို့နှင့် မျက်ခုံးမွှေးပါးပါးအားပွတ်သပ်လိုက်၏။

အဖြေကိုသူမရ ၊ ပြတင်ပေါက်ဘက်သို့လှည့်ကာ မေးထောက်လျက်မှ အတွေးတို့လွင့်နေမိသည်။






သံချပ်ကာယာဉ်က မဟာမိတ်ဆေးဌာန၏ကားရပ်နားရာကွင်းထဲ မောင်းဝင်လာခဲ့သည်။ သူနာပြုဆရာမလေးများက လူနာတင်ထမ်းစင်ကိုတွန်းကာ လန်ပေါကိုလာလို့ကြို၏။ သို့တိုင်လန်ပေါက ပိုင်ချူနျန်ကိုသာဖက်တွယ်ထားလျက် မဆင်းချင်ဘဲရှိပြီး ဆွဲခေါ်လေလေအတိုက်အခံလုပ်လေလေ။

"ကိုယ်မင်းနဲ့အတူလိုက်ခဲ့ပေးမယ်။"

ပိုင်ချူနျန်မှာ လက်ထိတ်ခတ်ခံထားရသည့်လက်နှစ်ဖက်ဖြင့် ခက်ခက်ခဲခဲလန်ပေါကိုပွေ့ချီလိုက်ပြီး လူကိုကပ်နေသည့်ငါးလေးကိုပွေ့ကာ ဆေးထိုးခန်းထဲဝင်ရောက်လိုက်ပါသည်။

လန်ပေါက ဆေးရုံတွင်းကပိုးသတ်ဆေးနံ့တို့အား ရွံမုန်းလှရာ ခန္ဓာကိုယ်ကိုတွန့်လိမ်ကာရှောင်တိမ်းလျက် စမ်းသပ်မည်ကိုဘယ်လိုမှမပူပေါင်းဘဲရှိ၏။

"သူ့ကိုယ်အောက်ပိုင်းထဲပိုးဝင်နေတာက တော်တော်ပြင်းထန်တယ်။"

ပိုင်ချူနျန်က လန်ပေါအားရင်ခွင်ထဲမှီထားစေလျက် လက်ဖဝါးကလှုပ်ယမ်းနေသည့်ငါးမြီးကိုအားနဲ့ထိန်းထားလိုက်ရင်း. .

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now