၁၇

851 153 8
                                    

人鱼陷落
REN YU XIAN LUO



UNICODE



ငြိမ်သက်နေသည့်ရေစီးကြောင်းအတိုင်းပင်လမ်းမကြီးအောက်က ကျောက်ဆောင်တို့ပေါ်မျောပါလာခဲ့ကြသည့်လေးယောက်သား ကျောက်တုံးကျောက်ခဲတို့ပြည့်နေသည့်ကမ်းစပ်ပေါ် အနားယူနေလိုက်ကြသည်။ ကိုယ်ထက်ဝတ်ထားသည့်မီးခိုးရောင်ယူနီဖောင်းတစ်ခုလုံး စိုရွှဲကာ ရင်ဘက်ရှေ့က'သရဲရှာဖွေရေးအဖွဲ့'ဟူသည့်နာမည်ကတ်ပြားထက်လည်းရေစက်တို့တွဲလဲခိုနေ၏။ မီးခိုးရောင်ဝံပုလွေAlphaက AKကိုပိုက်၍သေနတ်ထဲရေဝင်သွားသည့်အခြေအနေကိုကြည့်ရှုရင်း တစ်ဆက်တည်းအဖွဲ့သားတွေရဲ့သွေးပမာဏကိုပါကြည့်မိရာ ကွဲပြားစွာသွေးတို့လျော့နေကြကြောင်းတွေ့လိုက်ရသည်။

"သွေးကိုအပြည့်ထိဖြည့်လိုက်။"

ဟယ်ဆော်ဝေ့က ဘေးနားကျည်ဆန်တို့ကိုဖြန့်ခင်းကာနေလှန်းထားလိုက်ရင်း သွေးဖြည့်အပ်သုံးချောင်းအားအဖွဲ့သားတွေထံပစ်ပေးလိုက်သည်။

"မလွယ်ကူတဲ့ပြိုင်ဘက်နဲ့ကြုံဆုံလိုက်ရတာပဲ ၊ အဲ့ခြင်္သေ့Alphaကတစ်ခုခုတော့တစ်ခုခုပဲ။ သူကားမောင်းတဲ့စကေးကိုမင်းကြည့် လုံးဝလေ့ကျင့်ထားဖူးတာအသေအချာကြီး ၊ ဘယ်အဖွဲ့အစည်းကလည်းတော့မသိဘူး ပြောမရဘူးအပြင်ရောက်ရင်လည်း တွေ့ရင်တွေ့ရလောက်ဦးမှာ။"

"ဘယ်Alphaသွားကြည့်နေတာတုန်း လိုက်ချင်စိတ်များရှိသွားတာလား? မင်းတို့တွေ ဟိုရေသူထီးOmegaရဲ့သေနတ်ပစ်စကေးက တိကျလွန်းတယ်လို့ မထင်ဘူးလား ၊ တစ်ချက်တည်းနဲ့ ငါတို့နောက်ဘီးကိုပစ်ထည့်လိုက်တာများ. . .  . . . ပြီးတော့ရုပ်လေးကလည်းလှချက် ၊ ပထမဆုံးမြင်ဖူးတာ ကိုယ်လုံးကိုယ်ပေါက်ကလည်းဟော့လွန်းချက်ပဲ။"

ကုဝူလွိက ယူနီဖောင်းကိုခြောက်အောင်ရေညှစ်လျက် ရေစက်လက်ကျနေသည့်ဆံပင်တို့ကိုသုတ်ရင်း ရေမျက်နှာပြင်ပေါ်ကကိုယ့်ပုံရိပ်ကိုယ်ကြည့်ကာ ဆံပင်ကေကိုတစ်ချက်ပြင်လိုက်၏။

"ခုနကငါရေထဲကျသွားတဲ့ပုံစံက ကြည့်ကောင်းရဲ့လား? သူ့အပေါ် ကောင်းတဲ့ထင်မြင်ချက်လေးတော့ချန်ရစ်ခဲ့နိုင်လောက်မလားပဲ. . .  . . . မင်းတို့ခုနက ဘယ်သူပစ်ထည့်လိုက်တာလဲ သူ့ကိုမှန်သွားတာရောသိရဲ့လား? သူသွေးတွေတောင်လျော့ကုန်တာကွ! ဟင်း. . .  . . . ငါလည်းသူတို့နဲ့အဖွဲ့ပေါင်းချင်လိုက်တာ အဲ့Oလေးကိုကာကွယ်ပေးချင်တယ်လို့။"

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now