၃၀ ဒု

792 150 4
                                    

人鱼陷落
REN YU XIAN LUO



UNICODE


ရှောင်းရွှင့်၏ အရှုံးမပေးတင်းမာနေသည့်မျက်ဝန်းတို့က အဆုံး၌ပြိုကွဲရလျက် တုန်ယင်နေသည့်လေသံက အတွင်းစိတ်ထဲဘယ်လောက်ကြောက်ရွံ့တုန်လှုပ်နေသလဲဆိုတာ သက်သေထူလို့ပေးလာသည်။

"အစ်ကိုကြီး ၊ မလုပ်. . .  . . ."

ပိုင်ချူနျန်က လုယန်၏ခါးပတ်တွင်ထိုးထားသည့်ဓားမြှောင်အား လက်သင့်နေ၍ဖြုတ်ယူကာ အသာလေးပစ်ပေါက်လိုက်ပါသည်။ ဓားသွားက ခွေးသမင်Alpha၏ခြေထောက်အနားကျကာ နင်းချပစ်တော့မည့်ခြေအားတားဆီးလာ၏။

"ဘယ်လိုဖြစ်တာလဲ ညီအစ်ကိုတွေရန်ဖြစ်တာကဘာမှမဟုတ်ပေမယ့် တကယ်အတည်ကြီးကြတော့အဓိပ္ပာယ်မရှိတော့ဘူးလေ။ မင်းတို့အဖွဲ့ကိုရှင်းပစ်တာက ငါ ၊ ဘယ်လိုကြောင့်ငါ့စီကြလာပြီးစာရင်းမရှင်းရဲရတာလဲ။"

ခွေးသမင်Alphaကတစ်ချက်လှောင်ရယ်လိုက်ရင်း အင်္ကျီလက်ကိုပင့်တင်ကာ ပိုင်ချူနျန်ရှိရာလျှောက်လို့လာသည်။

"ငါကမလုပ်ရဲဘူး? ငတိလေး ငါ့အဖေကဘယ်သူဆိုတာသိလား?"

ကျန်ခွေးသမင်Alphaနှစ်ယောက်ကလည်း လဲကျနေသည့်ရှောင်းရွှင့်ကိုပစ်ကာ အင်္ကျီလက်တို့ပင့်လျက်အနားဝိုင်းလာ၏။

လန်ပေါက မျက်ဝန်းတို့မှေးကျဉ်းလျက် ထိုသူတို့ရဲ့လှုပ်ရှားမှုကိုအကဲခတ်ရင်း အမြီးဖျားကိုမြှောက်၍လှုပ်ယမ်းကာ စတင်လျှပ်စီးတို့စုဆောင်းလိုက်သည်။

ရုတ်ရုတ်သဲသဲဖြစ်နေရာမှ ချကြတော့မည့်အဖြစ်ပြောင်းလဲလာသည်ကိုမြင်၍ ပိလန်ရှင်းကရှေ့တက်ကာ လက်ပါတော့မည့်ခွေးသမင်Alphaကိုတားလိုက်ပြီး လုယန်အားထိုးပြ၍ခပ်တိုးတိုးဆိုလိုက်တော့၏။

"ဘရို မျက်နှာထောက်ပါဦး သူ့အဖေကမျိုးရိုးလုနော်။"

"သူဘယ်သူဆိုတာ ကျုပ်ကအရေးစိုက်ရမှာလား!"

ခွေးသမင်Alphaမှာ ကနဦး၌မသဲကွဲဘဲရှိသေးပြီး ဦးနှောက်ကစက္ကန့်အနည်းငယ်ကြာမှတုံ့ပြန်ကာ ရုတ်တရက်နင်လို့သွားရသည်။ မထီတရီမျက်နှာဘေးကလည်း လျော့ပါးသွားလျက် မယုံနိုင်စွာဖြင့် ထောင့်နားတွင်ဆောင့်ကြောင့်ထိုင်နေသည့် ညှိုးကျနေသည့်ယုန်နားရွက်တို့နှင့်လုယန်ကို လှမ်းအကဲခတ်မိသည်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now