၁၉

796 171 12
                                    

人鱼陷落
REN YU XIAN LUO



UNICODE


"လက်ဆပြင်းလား(ကြမ်းလား)?"

ပိုင်ချူနျန်မေးသွားသည်အား လန်ပေါက နားလည်ပုံမရစွာဖြင့် တီးတိုးနောက်ကလိုက်ပြောကြည့်၏။ Alphaထံမှ ခပ်တန်းတန်းအကြည့်တစ်ချက်နှင့်အကြည့်ခံလိုက်ရ၍ တစ်ကိုယ်လုံးတစ်ဆစ်ဆစ်နာကျင်လာသည်ကိုသာ ခံစားမိရကာ မတတ်သာစွာဖြင့်ပိုင်ချူနျန်ခါးထက်က လက်တို့ကိုပြန်ရုပ်လိုက်ရပြီး မိမိကိုယ်ကိုယ်သာအသာထွေးပွေ့ထားမိလိုက်သည်။

ပိုင်ချူနျန်က လှည့်ကာထထိုင်လိုက်ပြီး လန်ပေါ၏ဝမ်းဗိုက်အောက်ဘက် သုံးလက်မအကွာလောက်ကဆူးတောင်ရေယက်ကိုလှပ်ကြည့်ဖို့လက်လှမ်းလိုက်၏။

"ကိုယ့်ကိုပြကြည့်ကြည့်။"

လန်ပေါက သူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်လာသည် ၊ Omega၏လက်မောင်း၌ပတ်တီးတို့အပြည့်ရစ်ပတ်ထားသည်မှာ လက်ချောင်းတိုင်တစ်ဆက်တည်းဖြစ်ပြီး ကြွက်သားအမြှောင်းတို့ကိုကွယ်ဝှက်ထားသလိုရှိပေမယ့် အားကတော့ အလွန်တရာသန်မာလှ၏။ နှစ်ဦးသားမှာ လက်ရည်ညီတူဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန်ရှိကာ အကြိမ်အနည်းငယ်လွန်ဆွဲလျက်ရှိပေမယ့် လန်ပေါသာလျှင်အပေါ်စီးရသွားခဲ့ပေသည်။ ပိုင်ချူနျန်ကိုယ်ပေါ် တစ်ကိုယ်လုံးတက်ဖိထားပြီး အမြီးဖျားဖြင့်သူ့ခြေနှစ်ဖက်စလုံးကိုရစ်ပတ်ကာ ရေယက်တို့ရှိနေသည့်လက်နှစ်ဖက်ဖြင့် Alpha၏လက်ကောက်ဝတ်ကိုကိုင်လို့ ခေါင်းအထက်မြှောက်တင်ချုပ်ထားလိုက်တော့သည်။

လန်ပေါက ခေါင်းငုံ့ကာသူ့အားငေးစိုက်ကြည့်လာ၏။ ရွှေရောင်ဆံနွယ်တို့ကပါးနံဘေးဝေ့ဝဲကျနေပြီး ရင်ဘက်ကအသက်ရှူလိုက်တိုင်းနိမ့်ချည်မြင့်ချည်ရှိလျက် Alpha၏မျက်ဝန်းတို့အားစေ့စေ့စပ်စပ်ကြည့်ရှုလာသည်။

လူတွေက စိတ်ခံစားချက်တို့ပြင်းထန်နေစဉ်၌ သူတို့ရဲ့မျက်ဝန်းအကြည့်တွေကိုထိန်းချုပ်ဖုံးကွယ်ဖို့ရာခက်လှသည်။ ရေသူထီးသည်လည်း ထိုနည်း၎င်းသာ ၊ လိုချင်တပ်မက်မှုနှင့် စိတ်ရှုပ်ထွေးပူပန်နေမှုတို့ကိုကြိုးစားချုပ်ထိန်းနေရကြောင်း မြင်သာလှလျက် မျက်ဝန်းတို့ကသွေးရောင်လွှမ်းကာ မျက်ဆန်အတွင်းသွေးကြောမျှင်မျှင်တို့ပြည့်လွှမ်းနေသည်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now