၁၄

1K 185 0
                                    

人鱼陷落
Ren Yu Xian Luo



UNICODE



ကျီးကန်းOmegaက လန်ပေါကိုလှမ်းအကဲခတ်လာပြီး အကြည့်တို့ကအောက်သို့ရွေ့ကာ လန်ပေါငါးအမြီးကြီးထံအကြည့်တို့ရောက်လို့သွားခဲ့၏—-  —- ခါးပိုင်းနှင့်ဆက်နေသည့် အနည်းငယ်ဖောက်ထွင်းမြင်ရသည့်ငါးအမြီးကြီးက အလွန်မှရှည်လျားကာ တလက်လက်တောက်နေသည့်ဆူးတောင်ရေယက်တို့က တွဲလဲကျနေသည့် ရေခဲပြာရောင်ပိုးဖဲစများအလား ၊ အဖျားအမြီးပိုင်း၌ ဆူးတောင်ရေယက်တို့သာမရှိပါက မြွေအမြီးနှင့်ဆင်ဆင်တူနေမည်ဖြစ်သည်။

"မင်းက လုယန်လား?"

တုမော့ မျက်ဝန်းတို့ကိုမှေးကျဉ်းလို့ လန်ပေါကိုအကဲခတ်မိသည်။

"သုတ်သင်လိုက်ကြောင်းထုတ်ပြန်တဲ့ထဲ ခဏခဏနာမည်ပါတယ်။"

လန်ပေါသည်လည်း သူနှင့်အကြည့်ချင်းဆုံလာ၏ ၊ သို့တိုင်အကြည့်တို့က ခင်မင်ခြင်းအလျဉ်းမရှိ ၊ ပြတင်းပေါက်ဘောင်ပေါ်ထိုင်နေလျက်မှ အထင်သေးသလိုသတိနိုးကြားစွာဖြင့် သူ့ကိုငုံ့ကြည့်နေပေသည်။

လုယန်က ခေါင်းတွေသိမ်းယူအပြီး၌ ကောင်းကင်တစ်ခွင်သုတ်သင်လိုက်တဲ့အခြေအနေကိုကြေညာလာချိန်မှ တုမော့တစ်ယောက်မိမိအထင်နဲ့အမြင်လွဲမှန်း သိလိုက်ရ၏ ၊ သို့တိုင်တိတိကျကျတော့ရှင်းမသွားခဲ့။

ဓာတ်ခွဲခန်းတံခါးအား ဆွဲဖွင့်ပစ်လိုက်ပြီး လုယန်နှင့်ပိလန်ရှင်းက အရင်ဝင်ရောက်လို့သွားသည်။ ပိုင်ချူနျန် လှည့်၍တုမော့ကိုမေးလိုက်၏။

"သွားမယ်လေ အတူ။"

တုမော့ ပြတင်းပေါက်ဘောင်ပေါ်က သတိထားစောင့်ကြည့်နေသည့်မျက်ဝန်းတို့နှင့်လန်ပေါထံ တစ်ချက်စောင်းငဲ့ကြည့်မိရသည်။

"မင်း သူ့ကိုသေချာထိန်းထားဦး။"

"အင်းပါ။"

ပိုင်ချူနျန် လန်ပေါထံလက်လှမ်းပြလိုက်တာနှင့် လန်ပေါကလျှပ်စီးတို့ကိုအားပျော့စေလိုက်ပြီး ပြတင်ပေါက်ဘောင်မှဆင်း၍ သံလက်ရန်းတစ်လျှောက်မှကူးကာ ပိုင်ချူနျန်ဘေးနားရောက်လာပြီး သူနှင့်အတူဓာတ်ခွဲခန်းထဲလိုက်ဝင်လာသည်။






Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now