၅၉ ပ

302 55 0
                                    

人鱼陷落
REN YU XIAN LUO


UNICODE


လန်ပေါသည် ငါးကန်ထဲတွင် လဲလျောင်းနေပြီး ခါးကိုမထိခိုက်စေရန် ငါးကန်ဘောင်တွင် ခေါင်းအုံးကိုခံထားလျက်။ ရေထဲတွင်စိမ်နေရင်း ရေစိုခံပလတ်စတစ်ထုပ်ပိုးထားသော remote controlဖြင့် ချန်နယ်ပြောင်းကာ ရုပ်ရှင်ကြည့်လို့နေလေသည်။ အစိုဓာတ်ရရှိစေရန်အတွက် အပြာရောင်အလင်းရေခူအနည်းငယ်ကို မျက်နှာထက်တင်လို့ထားထားလျက်။

ရုပ်ရှင်ပြသနေသည့် တီဗီသည် ရုတ်တရက် အပြာရောင်ဖြစ်သွားကာ အဖြူရောင် ရှုပ်ယှက်ခတ်နေသောလိုင်းများ ပေါ်လာပြီး ဖန်သားပြင်၏ အလယ်ဗဟိုတွင် လှုပ်နေသော အနက်ရောင် ပိုးကောင်လိုဂိုတစ်ခု တဖြည်းဖြည်း ပေါ်လာပါ၏။

ထို့နောက် ပိုးကောင်လိုဂိုသည် ဘယ်ဘက်အပေါ်ထောင့်သို့ ရွေ့လျားသွားပြီး စခရင်အလယ်၌ ဗီဒီယိုရိုက်ကူးမှုတစ်ခုကအလိုအလျောက်ပွင့်၍လာသည်။

ဗီဒီယို၏နောက်ခံမှာ အုံ့မှိုင်းနေသော အိန်းရှီးဆေးရုံဖြစ်လျက် ကင်မရာတစ်ချက်အလှည့် ဖဲချပ်တွေကိုရှောင်နေသည့် ပိုင်ချူနျန်၏မြင်ကွင်းကို စတင်ပြသလာပါသည်။

လန်ပေါသည် အံ့သြတကြီးဖြင့် ငါးကန်ထဲမှ ခုန်ထွက်ကာ တီဗီဘေးတွင်ထိုင်ချလိုက်လျက် ပိုင်ချူနျန်ကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် လက်ညှိုးလေးကိုဆန့်လျက် ထိုသူ့ကိုထိုးကြည့်လိုက်ပါသည်။

ဒါပေမယ့် ဗီဒီယိုကတည်းဖြတ်လို့ထားခြင်း ၊ ကင်မရာ၏နောက်ဆုံးပြကွက်မှာ ဖဲချပ်တစ်ချပ်က ပိုင်ချူနျန်၏လည်ပင်းကိုဖြတ်လုဖြတ်ခင်မှာပဲ ရပ်တန့်လို့သွားပြီး ဆက်လွှင့်မလာတော့ချေ။

ဗီဒီယိုသည် ပျောက်ကွယ်သွားကာ စခရင်ပေါ်တွင် တွားသွားနေသည့်ပိုးကောင်လိုဂိုတစ်ခုသာ ကျန်တော့လျက်။

ပိုးကောင်က ဖြည်းညှင်းစွာ တွားသွားကာ ထွက်သွားဖို့ပြင်နေ၏ ၊ လန်ပေါ၏အကြည့်တို့က ပိုးကောင်လိုဂိုသွားရာတစ်လျှောက်နောက်လိုက်ကာ တီဗွီကိုတစ်ချက်ကိုက်ပစ်လိုက်တော့သည်။ ပိုးကောင်ရွေ့သမျှနေရာတိုင်းကို လိုက်လို့ကိုက်၏ ၊ နောက်ဆုံးတွင်တော့ ပိုးကောင်မှာ ဖန်သားပြင်၏အစွန်းသို့ရောက်ရှိသွားပြီးပျောက်ကွယ်သွားခဲ့သည်။ တီဗွီမှာတော့ အကိုက်ခံထားရကာ သွားရာငါးခုထင်ကျန်ရစ်ခဲ့၏ ၊ လန်ပေါကတော့ တီဗွီအနောက်သို့ပင်သွားကာ အချိန်အတော်ကြာအောင် လိုက်ရှာနေမိစဲ။




Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now