၃၉

422 76 2
                                    

人鱼陷落
REN YU XIAN LUO


UNICODE


အခန်း၏ မျက်နှာကျက်၊ ကြမ်းပြင်နှင့် နံရံသုံးခုအသီးသီးမှာ ယခင်အခန်းနှင့် ဆင်တူသော တံခါးပေါက်အရာတစ်ခုစီရှိသော်လည်း ပထမအခန်းတွင် တံခါးလေးပေါက်သာ ရှိပြီး ဤအခန်းတွင်မူ တံခါးငါးပေါက်ရှိလေသည်။ အခန်း၏ အပြင်အဆင်ကို ကြည့်လျှင် သူတို့ ပထမဆုံး ဝင်လာသော အခန်းမှာထမင်စားခန်းဖြစ်ပြီး ယခု အခန်းသည် အိပ်ခန်းဖြစ်၏။

"တမင်ကို အခန်းကိုဒီလိုပုံစံမျိုးဖွဲ့ထားတာပဲ။"

ပိုင်ချူနျန် လန်ပေါကိုပွေ့ထားလျက်မှ နံရံတွင်ချိတ်ထားသည့်ကုတင်ရှေ့လျှောက်သွားလိုက်ပြီး အသာတွန်းကြည့်လိုက်သည်။

"ဒီပစ္စည်းတွေကို သံနဲ့နံရံမှာရိုက်ထားတာ။"

"ဒီသလင်းကျောက်မီးဆိုင်းတစ်ခုသာ. . .  . . . သေချာပေါက်သံနန်းကြိုးနဲ့လုပ်ထားတာနေမယ် ၊ နံရံမှာထောက်ထားပုံရတယ်။"

ပိုင်ချူနျန်သည် နံရံအောက်သို့လျှောက်သွားလိုက်ပြီး လက်နှစ်ဖက်ဖြင့်လန်ပေါအား ချိုင်းအောက်မှထိန်းကာ သလင်းကျောက်မီးဆိုင်းရှိသည့်နေရာထိ အလွယ်လေးရေသူထီးအားပင့်မလိုက်ပါ၏။

"ဟုတ်မဟုတ် မင်းထိကြည့်ကြည့်။"

လန်ပေါ သူ့လက်ကို မြှောက်လိုက်ပြီး မီးဆိုင်းပေါ်ရှိ တွဲလျားကျနေသည့်တစ်ခုအား အသာလေးတို့လိုက်သည်။

ကျောက်ဆွဲသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့ကာ အခြားသော သလင်းကျောက်ဆွဲသီးများနှင့်အတူ လှုပ်ယမ်းသွား၏။

ပိုင်ချူနျန်တို့တစ်တွေ ရပ်နေသောနံရံနှင့်အပြိုင် မီးဆိုင်းကို တပ်ဆင်ထားသောကြောင့် သလင်းကျောက်ဆွဲများလှုပ်ယမ်းသွားပုံက လေထဲတွင် လွင့်နေသော လှိုင်းလုံးများနှင့်တူပေသည်။



တစ်ချိန်တည်းမှာပင် ဝံပုလွေAlphaတို့က နံရံတွင် သံမှိုရိုက်ထားသော မှန်တင်ခုံထက် ငါးကန်တစ်ကန်ရှိနေသည်ကို တွေ့သွားကြသည်။ အနီရောင်တောက်တောက် ဖိုက်တာငါးတစ်ကောင်သည် ငါးကန်အတွင်းကူးခတ်နေလျက်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now