1.1K 204 2
                                    

人鱼陷落
Ren Yu Xian Luo



UNICODE


တစ်နေ့လည်က ခပ်မြန်မြန်ပဲကုန်လွန်သွားခဲ့၏ ၊ Systemကဖန်တီးထားသည့် ရာသီဥတုနှင့် နေရောင်ခြည်ကလည်း တကယ့်ကမ္ဘာကအတိုင်းတစ်ထေရာတည်းပင်ရှိသည်။ နေကချစ်ချစ်တောက်ပူပြင်းလျက် အပူချိန်မြင့်တက်လာသည်မှာဆို ပူအိုက်ခြောက်သွေ့လို့နေတော့သည်။

ပိုင်ချူနျန်က လုယန်နှင့် ပိလန်ရှင်းတို့၏ မစ်ရှင်စာရွက်အားကြည့်ပြီးဖြစ်၏ ၊ ကျန်သွားရမည့်နေရာများက တစ်နေရာတည်းမှာမကျတော့။ လုယန်၏ ဒုတိယမစ်ရှင်က ဆေးရုံ၌ဖြစ်သည်။ မြေပုံကနေတွက်ကြည့်ပါက စာကြည့်တိုက်ကနေ ဆေးရုံသို့ကားမောင်းသွားပါက (၁၅)မိနစ်ကြာမည်ဖြစ်လျက် ခရီးအတော်လေးနီးသည်။

သို့တိုင် သတိထားရမှာတစ်ခုရှိနေခြင်း ၊ ပိုင်ချူနျန် အာရုံခွဲလျက်မှ ကောင်းကင်တစ်ခွင်သုတ်သင်ခံရသည့်သတင်းကိုနားစိုက်ထောင်မိ၏။ သရဲရှာဖွေရေးအဖွဲ့ဟုခေါ်သည့်အဖွဲ့မှာဆို ဆက်တိုက်ကိုလူသတ်လျက်ရှိသည်။ အကြမ်းဖျင်းရေကြည့်ပါက သရဲရှာဖွေရေးအဖွဲ့သုတ်သင်လိုက်တဲ့သတင်းကြေညာသွားတာ (၂၉)ကြိမ်ခန့်လောက်ရှိနေပြီဖြစ်သည်။ ကြေညာသွားတဲ့ထဲက အများဆုံးပြောသွားသည့်နာမည်တစ်ခုကတော့ [သရဲရှာဖွေရေးအဖွဲ့] ဟယ်ဆော်ဝေ့ဆိုတာပင် ၊ ထိုဟယ်ဆော်ဝေ့လို့ခေါ်သည့်လူတစ်ယောက်တည်းကို (၁၉)ကြိမ်တိတိထုတ်လွှင့်ကြေညာသွားပြီးဖြစ်သည်။ ကျန်တဲ့အဖွဲ့ဝင်သုံးယောက်၏နာမည်တွေလည်း မကြာခဏထုတ်ပြန်ခံရပေသည်။

စာမေးပွဲစဖြေချိန်ကနေဆို (၂)နာရီကျော်ရုံမျှပင်ရှိသေး သရဲရှာဖွေရေးအဖွဲ့သည်ကား လူအယောက်သုံးဆယ်နီးနီးသတ်ပြီးဖြစ်၏။ မြို့ရဲ့မြေပုံကား ကျယ်ဝန်းလှသည် ၊ ဖြေဆိုသူတွေကို နေရာခွဲရာ၌ ခုနှစ်ဖွဲ့ရှစ်ဖွဲ့လောက်ကို တစ်နေရာတည်းမှာတော့ စုချမပေးလောက်။ နည်းနည်းတွေးကြည့်တာနှင့်သိသာသည်မှာ သရဲရှာဖွေရေးအဖွဲ့သည်ကား ကားမောင်းပြီးကိုနေရာအနှံလူရှာသတ်နေခြင်းဆိုတာပင်။ သူတို့ရဲ့ဗျူဟာက စောစောပိုင်းမှာဆို လူအပြုံလိုက်ရှိနေဦးမှာဖြစ်၍ ခေါင်းတွေကိုအမှတ်ပြည့်သိမ်းယူပြီး သတ်လို့ပြီးပြီဆိုမှ မစ်ရှင်ကိုသွားလုပ်မည့်ပုံပင်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now