၁၆

1.1K 185 10
                                    

人鱼陷落
Ren Yu Xian Luo



UNICODE



ကျည်ထိမှန်ကာသွေးတို့အဆက်မပြတ်ထွက်နေ၍ လုယန်၏ရင်ဘက်ရှေ့ကသွေးပမာဏအတန်းကလည်း သုံးပုံတစ်ပုံခန့်လျော့ကျလို့သွားတော့သည်။ ထို့အပြင် ကားကမိုးရွာသလိုရွာကျနေသည့်ကျည်ဆန်တွေထဲဖြတ်မောင်းနေရ၍ လွင့်လာသည့်ကျည်တို့ထိမှန်ကာ မှန်တွေကလည်းမပြတ်ကွဲကြေလျက်ရှိ၏။

လန်ပေါက ရှေ့ခုံမှနေနောက်ခုံသို့ခုန်ကျော်လာပြီး ငါးအမြီးကြီးဖြင့်လုယန်အားရစ်ပတ်ကာ ဘောလုံးလိုထွေးပတ်ပေးထားရင်း ကားမှန်တို့မှကွဲထွက်ကုန်သည့်မှန်စများနှင့် ကားကိုထိမှန်ကာလွင့်လာသည့်ကျည်ဆန်များမှကာကွယ်ပေးထား၍ သူကိုယ်တိုင်လည်းသွေးတို့လျော့ကုန်ရသည်။

လုယန်မှာ အနည်းငယ်ဖောက်ထွင်းမြင်ရသည့်ငါးအမြီးကြီးအလယ်ကောင်တွင်ခွေခွေလေးရှိနေရ၍ ကွန်ယက်လိုဖြစ်နေသည့်သွေးကြောများနှင့် ကြက်သွေးရောင်အတွင်းကလီစာတို့မှဖောက်ထွင်းကာ အပြင်ကအခြေအနေအားလှမ်းမြင်တွေ့နေရသည်။ သူသည်နာကျင်မှုကိုအံတုလျက် လန်ပေါအမြီးအားပုတ်လိုက်၏။

"မင်းငါ့ကိုလွှတ် ရိုင်ဖယ်ကျည်ဆန်ကသေစေနိုင်တဲ့အထိပြင်းတယ် မင်းမကြာခင်မှာပဲထိမှန်ပြီးတန်းထုတ်ဖယ်ခံရလိမ့်မယ်။"






ပိုင်ချူနျန်က ကားကိုသာအာရုံစိုက်မောင်းနှင်နေပြီး လှလှပပပဲSသဏ္ဌာန်ကွေ့ဝိုက်လို့ သရဲရှာဖွေရေးအဖွဲ့၏တဖွဲဖွဲကျနေသည့်ကျည်ဆန်များမှရှောင်ဖယ်လာလိုက်သည်။ ကားအမိုးကိုဖွင့်၍ ဘေးခုံမှာထောင်ထားသည့် M25စနိုက်ပါအားလန်ပေါထံပစ်ပေးလိုက်ပါသည်။

"သူတို့ကျည်လဲနေပြီ။"

သရဲရှာဖွေရေးအဖွဲ့ကသုံးယောက် ကိုယ်ကိုပြန်ရုတ်ကာကျည်လဲနေသည့်စက္ကန့်ပိုင်းမျှကိုအခွင့်ကောင်းယူလျက် လန်ပေါကM25ကိုယူကာ ကားအမိုးအပြင်ထုတ်လိုက်ပြီး ကားအမိုးဘောင်အလယ်ဗဟိုနှင့်ရှေ့ရင်ဘက်ထိကပ်ထားရင်း ကိုယ်ကိုဝပ်နေလိုက်၏။ အရှိန်နှင့်မောင်းနေခြင်းဖြစ်၍ မလွဲဧကန်ကားကလှုပ်နေမှာဖြစ်သည်။ လေကြောင့်လွင့်နေသည့်ရွှေရောင်ဆံနွယ်တို့အား လန်ပေါကနားရွက်နောက်သပ်တင်လိုက်ပြီး မေးကိုအောက်အနည်းငယ်ချလိုက်သည်။ ပြာလဲလဲ့မျက်ဆန်က အဝေးကြည့်မှန်ပြောင်းမှနေပစ်မှတ်ကိုချိန်ရွယ်လျက် လက်ညှိုးကိုအသာကွေးထည့်လိုက်တော့၏။ နားကွဲမတတ်ဆူညံသည့် ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာကာ အဝေးပြေးလမ်းမနှင့်တောင်မြင့်မြင့်တို့ကြားတစ်လျှောက် တုန်ခါသည့်ပဲတင်သံထပ်လို့သွားတော့သည်။

Ren Yu Xian Luo (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang