၂၇

692 137 4
                                    

人鱼陷落
REN YU XIAN LUO



UNICODE


အဆောက်အအုံတစ်ခုလုံးအတွင်းရှိ အနီရောင်သတိပေးချက်မီးတို့က မှိတ်တုတ်မှိတ်တုတ်ရှိလျက် သုတေသနဌာနရဲ့အဆောက်အအုံသုံးခုစလုံး၍လေထုက မှုန်မှိုင်းပြီးစိတ်ဓာတ်ကျဖွယ်ဖိအားတို့နှင့် လွှမ်းခြုံလာလျက်။ အမေဇုန်မိုးသစ်တောတွင်းက အစိုဓာတ်ရှိသည့်တောရိုင်းဘယ်ရီသီးနံ့နှင့်ဆင်တူသည့်ရနံ့က အထပ်မြင့်မှနေ ဖြည်းဖြည်းချင်းအောက်ထပ်တွေသို့ ပျံ့နှံ့လာ၏—-  —- သိပ်သည်းသည့်အရွယ်ရောက်Alphaစမ်းသပ်ခံခန္ဓာ၏pheromone နံ့က အဆောက်အအုံတစ်ခုလုံးကလူအယောက်တိုင်း၏ ဂလင်းကိုသည်းကြီးမည်းကြီးနှိုးဆွလို့လာပါလေသည်။

လန်ပေါက အနည်းငယ်သည်းမခံနိုင်စွာဖြင့် နာကျင်နေသည့်ဂလင်းကိုဖိထားမိသည်။ တစ်ဝက်ခန့်ဖောက်ထွင်းမြင်ရသည့်ငါးမြီးကြီးက လျှပ်စီးတို့ကိုလျင်မြန်စွာသိုလှောင်လာလျက် တည်ငြိမ်နေသည့်အပြာရောင်မှနေ ဒေါသကြောင့်အနီရောင်သမ်းလာနေ၏။

"အဲ့ကောင်. . .  . . . ငါ့ကိုလာဆွနေတာပဲ။"

ပိုင်ချူနျန်က ဆက်သွယ်ရေးလမ်းကြောင်းအားpublic သို့ပြောင်းကာ လူအကုန်ကိုဆက်သွယ်လိုက်ပါသည်။

"ပြတင်းပေါက်ကနေခုန်ဆင်းပြီး သုတေသနဌာနကနေဆုတ်ကြမယ် ၊ အဆင့်ကသတ်မှတ်ပြီးသွားပြီ ထပ်ချနေလည်းအသုံးမဝင်ဘူး။"

"ကိုယ်တို့လည်းသွားစို့။"

ပိုင်ချူနျန် မရည်ရွယ်ပါဘဲရေသူထီးအားရင်ခွင်ထဲဆွဲသွင်းလို့ လက်ဖဝါးဖြင့်ထိုသူ့ဂလင်းအားဖိထားပေးကာ ဂရုတစိုက်လေးကာကွယ်ပေးမိသည်။

"ကိုယ်အတွေးပြောင်းသွားပြီ သူ့ကိုသွားကြည့်ဖို့ မင်းကိုကိုယ်ခွင့်မပြုတော့ဘူး။"

လန်ပေါက မေးအနည်းငယ်မော့လာသည် ၊ ပြာလဲ့လဲ့မျက်ဝန်းအကြည့်တို့က ရှုပ်ထွေးနေဟန်နှင့်အတူ ရယ်မြူးရိပ်လည်းသမ်းနေ၏။

"ဘာလို့?"

"အစပိုင်းတုန်းကတော့ အဲ့ဒါကကိုယ်တွေးမိတဲ့မြွေAlphaများဖြစ်နေမလားဆိုတာ အတည်ပြုချင်မိလို့ အခုတော့ကိုယ်သိသွားပြီ။"

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now