၅၉ ဒု

279 53 1
                                    

人鱼陷落
REN YU XIAN LUO


UNICODE


လူပြက်သည် အစတွင်ဖဲချပ်များဖြင့်ဖျော်ဖြေကာသူ့လက်နှစ်ဖက်ထဲတွင် ဖဲချပ်များကချောချောမွေ့မွေ့ စီးဆင်းသွားပြီး လျင်မြန်စွာပင် ထိုသူသည်ဖဲချပ်များကိုစုသိမ်းလိုက်ပါ၏။ အနောက်မှနေ အနီရောင်အရစ်ပတ်တို့ပါသည့် hula hoop(ဆပ်ကပ်ပွဲစသည်တို့တွင် သုံးသောကွင်း)ကို ထုတ်ကာ စိတ်တက်ကြွစွာဖြင့်hula hoopအတွင်း ခေါင်းကိုလှည့်ပတ်နေလျက်။

ရယ်စရာကောင်းပြီး ထူးထူးဆန်းဆန်း ဖျော်ဖြေမှုအပြီးတွင် လူပြက်သည် hula hoopအား သူတို့ရှိရာထံ လှမ်းပစ်လာပါ၏။

မမျှော်လင့်ဘဲ hula hoopမှာ လက်တွေ့ဖြစ်လာပြီး ကျဉ်းမြောင်းသောကော်ရစ်တာတွင် လျင်မြန်စွာ ဝဲပျံလှည့်ပတ်လာကာ တစ်ခုမှနှစ်ခု ၊ နှစ်ခုမှနေ လေးခုသို့ပွါးလာတော့သည်။ ရုတ်တရက် ကွင်းများသည် ကောင်းကင်ယံတွင် ပျံဝဲလာကာ ထိုအထဲကသုံးကွင်းမှာဆို ပန်းခြံထဲက ကွင်းပစ်ကစားနည်းတစ်ခုလို သူတို့သုံးယောက်၏ ခေါင်းထိပ်သို့ပျံဝဲလာလေ၏။

"ပုန်းနေ။"

ပိုင်ချူနျန်သည် ယင်းအား ဟန်ရှင်ချန်းဘေးတွန်းပို့လိုက်ပါပြီး. .

"မြန်မြန်။"

အမှတ်စဉ်408စမ်းသပ်ခံခန္ဓာ၏ M2ခွဲထွက်စွမ်းရည် 'ပျော်ရွှင်သကြားလုံးကွင်း' - ကွင်းအဝိုင်းအတွင်းဖမ်းမိသူတိုင်းသည် ပျံ့နှံ့နေသောဗိုင်းရပ်စ်ကူးစက်ခံရမည်ဖြစ်ပြီး ကူးစက်ခံရသူသည် နှောင်းပိုင်းအဆင့် ရူးသွပ်သည့်အခြေအနေသို့ ချက်ချင်းရောက်ရှိသွားမည်ဖြစ်သည်။

တစ်နည်းဆိုရသော် ကျန်းမာသန်စွမ်းသောလူသည် ထိုကွင်းအဝိုင်းအတွင်း နှစ်ခါတိတိဝင်ရောက်မိပါက သေချာပေါက်သေဆုံးသွားပေလိမ့်မည်။

ပိုင်ချူနျန်သည် နံရံထောင့်စွန်းတွင် စုပုံထားသော သစ်သားသေတ္တာများပေါ်၌ သွက်လက်စွာတက်လိုက်ခုန်လိုက်ရှိသည့်တိုင် စည်းမျဉ်းစည်းကမ်းမရှိစွာပျံသန်းနေပုံရသော်ငြား အဆိုပါကွင်းများ၌ အမှန်တကယ် ခြေရာခံနိုင်စွမ်းရှိနေလျက်။ ပိုင်ချူနျန် ဘယ်မှာပဲပုန်းနေပါစေ အဝိုင်းကွင်းက ပိုင်ချူနျန်ကို ကြွက်တွေဆီတွန်းပို့ပြီး သူ့နောက်ကို အမြဲလိုက်နေလေ၏။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now