၅၆ ပ

347 60 4
                                    

人鱼陷落
REN YU XIAN LUO


UNICODE


တစ်ယောက်အိပ်လူနာခန်း ပတ်ပတ်လည်ရှိ နံရံဖြူဖြူများသည် ပြိုးပြိုးပြက်ပြက်သွေးများဖြင့် ပြန့်ကျဲနေပြီး ဆေးရုံကုတင်မှာလည်း သွေးများစွန်းထင်းနေသည်မှာ အဖြူရောင်မှ အနီရောင်သို့ပင်ပြောင်းလျက်။ ထောင့်ရှိအမှိုက်ပုံးသည် မှောက်ကျနေပြီး ထိုအထဲကထိုးဆေးပုလင်းများနှင့် ဆေးဘူးများပြန့်ကျဲနေကာ အမှိုက်ပုံကြားတွင်တွန့်လိမ်နေသည့်အလောင်းတစ်လောင်းပါ ရောနှောလျက်ရှိသည်။

ဤသော့ခတ်ထားသောအခန်းတွင် အပြင်းအထန်ရန်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်း အရာအားလုံးက ညွှန်ပြနေသည်။ အလောင်း၏အသက်သေစေသည့်ဒဏ်ရာမှာ တစ်ချက်ကြည့်သည်နှင့် နားထင်ထက်ကကျည်ဆန်အပေါက်ပင်။ ဒါပေမယ့် သူဝတ်ထားသည့် အဖြူနဲ့အပြာလူနာဝတ်စုံတစ်ခုလုံးသွေးများစွန်းထင်းနေသည်ကိုကြည့်ခြင်းအားဖြင့် ခေါင်းကဒဏ်ရာကနေ ဒီလောက်အထိသွေးတွေထွက်တာကတော့ လုံးဝမဖြစ်နိုင်။

ဂရုတစိုက်ကြည့်ရှုပါက သူ့တစ်ကိုယ်လုံးရှိအရေပြားများထက် အနာများဖြစ်ကာ အရေပြားအောက်မှသွေးများ ယိုထွက်နေခြင်း။ သူ့မျက်နှာတစ်ခုလုံးသည်လည်း ပြည်တည်နာများကြောင့် မူလအသွင်အပြင်ကိုပင် မမြင်ရတော့ ၊ မျက်လုံးတစ်စုံသည်ပွင့်နေဆဲဖြစ်ပြီး သေခြင်းတရားကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံလုံး အနီရောင်အဖြစ်ပြောင်းလဲကာ မျက်ဆန်ကလုံးလုံးပျောက်ကွယ်လို့သွားသည်။ ကြောက်ဖို့အကောင်းဆုံးကတော့ ထိုသူ့ပါးစပ်ပင် ၊ သူ၏ပါးစပ်ထောင့်များသည် ပုံမှန်မဟုတ်စွာ ကျယ်လာပြီး နားရွက်အောက်ခြေထိ ကော့တက်နေ၏ ၊ ပေါက်ပြဲနေသည့်သွေးထွက်နှုတ်ခမ်းနှင့် ပေါင်းစပ်လိုက်တော့ ဆပ်ကပ်အဖွဲ့၏ လူပြက်ကိုပြင်ပေးထားသည့် အပြုံးမျက်နှာနှင့်တူနေတော့လေသည်။

ဒီပျက်စီးယိုယွင်းမှုအခြေအနေက အလွန်မြင့်မားနေသည်မှာ ဤအလောင်းက စောစောကပင်သေဆုံးကာ သုံးမိနစ်သာရှိသေးကြောင်း ယုံရခက်ခက်ပင်။

ပိုးစုန်းကြူးOmegaသည် အသက်ပြင်းပြင်းရှူကာ ဆေးရုံကုတင်ရှေ့တွင် ပစ္စတိုသေနတ်တစ်လက်ကို ကိုင်ဆောင်လျက် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် နှုတ်ခမ်းများဖြူဖျော့နေလေ၏ ၊ သူသည် အိပ်ယာခင်းစကိုသုံးပြီး ပစ္စတိုပေါ်ရှိသွေးများကို သုတ်ဖယ်ပစ်လိုက်သည်။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now