၁၃

1.1K 211 4
                                    

人鱼陷落
Ren Yu Xian Luo




UNICODE


ပိုင်ချူနျန်က ကျီးကန်းOmega၏သေနတ်ပြောင်းဝကို လက်ဖြင့်ဖိချပစ်ပြီး လက်ညှိုးဖြင့်ဆတ်ခနဲဆွဲလိုက်လျက် ပစ္စတိုအားOmegaလက်ထဲမှနေ အလွယ်တကူပင်မိမိလက်ဖဝါးထဲရောက်လာစေလိုက်သည်။ နှစ်ပတ်လှည့်လိုက်ကာ ကျည်တို့ကိုထုတ်ယူ၍ ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီးမှ ပစ္စတိုအလွတ်အားOmegaလက်ထဲပြန်ထည့်ပေးလိုက်ပြီး ငုံ့၍မေးလိုက်ပါသည်။

"ဘယ်လိုအဖွဲ့ပေါင်းမှာလဲ?"

ကျီးကန်းOmegaက မေးကိုပင့်လိုက်သည်။

"ငါတို့က လူသတ်ပြီးအမှတ်မယူဘူး ၊ တွေ့သမျှပြိုင်ဘက်တိုင်းကို ငါတို့ကထိန်းထားပေးမယ် မင်းတို့ပဲလာသတ် ဒါပေမယ့်ငါတို့ကိုတော့ သုတေသနအဆောက်အအုံစီခေါ်သွားပေး ၊ ငါတို့ရဲ့မစ်ရှင်ကအဲ့မှာ။"

သုတေသနအဆောက်အအုံအား မြေပုံထက်ထင်ထင်ရှားရှားကို အမှတ်အသားပြုထား၏။ အခြေခံအားဖြင့်မြို့တော်မြေပုံတစ်ခုလုံး၏ အရှေ့တောင်ထောင့်မှာတည်ရှိကာ ထင်းခနဲမြင်သာသည့်ပုံသေဆေးသေတ္တာသုံးလုံးအားလည်း သုတေသနအဆောက်အအုံ၏ တတိယထပ် ၊ ဆယ်ထပ်နှင့် ဆယ့်ခြောက်ထပ်တို့မှာထားရှိထားပေသည်။ ကြည့်ရသည်မှာ သုတေသနအဆောက်အုံသည်ကား မြို့တော်မြေပုံ၏အကြီးမားဆုံးထောက်ပံ့မှုပေးသည့်နေရာပင်ဖြစ်ရမည်။ ခွန်အားထုတ်သုံးဖို့ရာအားနည်းသည့်Omegaလေးယောက်အဖို့ သုတေသနအဆောက်အအုံသို့သွားကာ မစ်ရှင်ပြီးမြောက်အောင်လုပ်ဖို့က အလွန်မှခဲကတ်မည်ပင်။

"မင်းတို့မရှိရင် အမှတ်ရဖို့လူလုံလုံလောက်လောက်တောင်ငါတို့ကမသတ်နိုင်ဘူးလို့ ထင်နေတာလား?"

ပိုင်ချူနျန် တစ်ချက်ရယ်လိုက်ပြီးနောက် သရော်ပြုံးဖြင့်ထိုပုပုသေးသေးOmegaအားကြည့်နေလိုက်ပါသည်။

ကျီးကန်းOmegaက သူဒီလိုပြောလာမည်ကို ကြိုတင်မှန်းဆထားပြီးပုံရလျက် မျက်ဝန်းတို့ကိုအသာမှေးမှိတ်ကာ တစ်ဆက်တည်းခပ်တိုးတိုးဆိုလာပါ၏။

"ဆေးရုံလေးထပ်မြောက်က ဓာတ်ခွဲခန်းမှာတစ်ဖွဲ့ရှိတယ် ၊ တစ်ယောက်ကသွေးအကပ် ၊ နှစ်ယောက်ကသွေးတစ်ဝက်နဲ့ တစ်ယောက်ကတော့အပြည့်။ မီတာ(၃၀၀)အပြင်ဘက်ကစျေးဝယ်စင်တာရဲ့ ပထမထပ်ကဇိမ်ခံပစ္စည်းရောင်းတဲ့အခြမ်းမှာလည်း တစ်ဖွဲ့ရှိတယ် ၊ တစ်ယောက်က သွေးအကပ် သုံးယောက်ကသွေးအပြည့်။"

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now