၂၁

778 154 2
                                    

人鱼陷落
REN YU XIAN LUO



UNICODE


နံရံထက်ကနာရီစီမှ မနက်(၄)နာရီထိုးခါနီးချိန်၌ လန်ပေါကဦးစွာမျက်ဝန်းတို့ပွင့်လာ၏။

အခန်းအပူချိန်က မထင်မှတ်စွာပင်နေလို့ကောင်းနေလေသည်။ ရေထဲတွင်သာအနေများ၍ ကုန်းပေါ်အပူချိန်ကပြင်းလွန်းသည်ဟုသာခံစားရပြီး ပူလွန်းသဖြင့်ဦးနှောက်ကကောင်းစွာအလုပ်မလုပ်တော့ဘဲ စိတ်လည်းဆတ်နေမိခဲ့သည်။

Alphaက ဘေးတွင်လဲကာအိပ်​ပျော်လျက်ရှိသည်။ ဘေးတစ်စောင်းလဲလျက် ကာကွယ်သည့်အနေအထားဖြင့် သူ့အားရင်ခွင်ထဲထည့်လို့ထားကာ လက်မောင်းအားသူ့ခါးထက်တင်လို့ထားထားလေသည်။ အခန်းတွင်းလေအေးပေးစက်၏အပူချိန်လျော့ကျမှုကြောင့် မွှေးညင်းနုလေးတွေကထောင်ကာ ကြက်သီးတို့ထနေ၏။

အခန်းတွင်းရှိ ဘရန်ဒီနံ့ခပ်သင်းသင်းက မပြယ်ပျက်သွားသေး ၊ နှစ်သိမ့်သည့်pheromone တို့နှင့်လွှမ်းခြုံပြည့်နှက်နေ၍ သာမန်အခန်းငယ်လေးအားပိုလို့ပင်နွေးထွေးကာသက်သောင့်သက်သာဖြစ်နေစေသည်။

ဘေးနားတွင်လဲကာအိပ်ပျော်နေသည့်Alphaအား လန်ပေါတိတ်ဆိတ်စွာအကဲခတ်မိသည်။ အကြည့်တို့က ထင်ရှားပေါ်လွင်ကာပျိုမျစ်သည့်မျက်နှာထက်မှတည် ကိုက်ခံထားရ၍အနာဖြစ်နေသည့်လည်တိုင်ထက်ရောက်ရှိသွားသည့်အခိုက် အေးစက်စွာမျက်မှောင်ကြုတ်မိရ၏—- —- ထိုမျက်နှာအမူအရာက စိတ်ဆိုးဆိုးဖြင့်လက်ပါကာ ကလေးကိုရိုက်လိုက်မိသွားသည့်မိဘတစ်ယောက်က ကလေးရဲ့တင်ပါးပေါ်ကလက်ဝါးရာကိုပြန်မြင်ချိန်၌ စိတ်ထိခိုက်သွားသလိုမျိုးနှင့်ဆင်ဆင်တူကာ စိတ်ရှုပ်ထွေးသွားသည့်ပုံ။

(၃)နှစ်မတွေ့ရသည့်အတွင်း Alphaလေးမှာ မရင့်ကျက်မှုနှင့်ကလေးဆန်မှုတို့လုံးဝပျောက်ကွယ်လို့သွားသည် ၊ မစ်ရှင်တွေကြောင့် နေဒဏ်လေဒဏ်တို့ထိကာ (၂)ဒီဂရီလောက်ညိုသွားသည့်အသားအရေကလည်း အရင်ကမျိုးပွားသေတ္တာထဲမှာကလို နှင်းလိုဖြူဥမနေတော့ ၊ သို့တိုင်ချောမောကြည့်ကောင်းနေစဲပါပင်။

ထို့အပြင်အသက်သုံးနှစ်ကြီးသွားပြီဖြစ်၍ အရင်လိုလည်း မလိမ္မာတော့သည့်ပုံပါပင် ၊ အရင်ကထက်စလျှင် ပိုလို့သန်မာလာသော်ငြား မကောင်းတဲ့အကျင့်တွေလည်းအများကြီးရှိလာ၏ ၊ ဆေးလိပ်သောက်တယ် ၊ ကောင်မလေးတွေနဲ့အီစီကလီလုပ်တယ် ၊ ခန့်မှန်းရခက်ပြီး စိတ်ပြောင်းလွယ်ကာဒေါသလည်းကြီး၏။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now