၄၃

411 62 2
                                    

人鱼陷落
REN YU XIAN LUO



UNICODE



ပိုင်ချူနျန်သည် ရေပူစမ်းရေချိုးခန်းနံရံကိုထိစမ်းကာ တစ်ပတ်ပတ်ကြည့်ပြီး မတွေ့ရသေးသည့် သဲလွန်စများကို စစ်ဆေးရှာဖွေမိသည်။ တစ်ပတ်ပတ်ပြီးရုံရှိသေး မြောက်ဘက်နံရံရှိတံခါးမှာ တဖြည်းဖြည်းနဲ့ ကွာဟချက်တစ်ခုထွက်ပေါ်လာ၏။ တံခါးတစ်ခုလုံး ပေါ်လာပြီးနောက် တစ်ဆက်တည်း တံခါး၏အကျယ်သည် အလွန်လျင်မြန်စွာ ကျဉ်းမြောင်းလို့လာနေလျက် ၊ ထိုအခွင့်အရေးကိုသာ အမိအရမဆုပ်ကိုင်မိပါက တံခါးသည် ချက်ခြင်းပျောက်ကွယ်သွားပေလိမ့်မည်။

ပိုင်ချူနျန်သည် ကြေးစားသမားများမှ သိမ်းယူထားသောHK417ကို အလျင်အမြန် ကောက်ယူလိုက်ပြီး ကျောပေါ်လွယ်လိုက်ကာ ခပ်မြန်မြန်ပဲ လန်ပေါကိုကောက်ပွေ့လျက် ပျောက်ကွယ်တော့မည့် တံခါးဆီသို့ ပြေးသွားလိုက်သည်။ ကြားအဟနှင့်နီးကပ်လာသည်နှင့် သွက်လက်စွာပဲတစ်ချက်လှိမ့်ချကာ နောက်အခန်းတစ်ခုထဲသို့ လှိမ့်ဝင်လိုက်တော့၏ ၊ တံခါးကချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အခန်းသစ်တွင် နှစ်ဦးသားထပ်မံပိတ်မိသွားကြပြန်သည်။

ပိုင်ချူနျန်က အရင်ဆုံးနာရီကိုသာ တစ်ချက်လှမ်းကြည့်လိုက်ပါသည်။ ဘေးကင်းစေရန်အတွက် ပိုင်ချူနျန်သည် ကြေးစားသမားအလောင်းများပေါ်က နာရီတွေအကုန်လုံးကို သိမ်းယူလာခဲ့၏ ၊ စက်နာရီတွေရော ဒစ်ဂျစ်တယ်နာရီတွေရော အကုန်ပါသည်။ သူတို့နှစ်ယောက် ဤအခန်းထဲသို့ဝင်ရောက်ပြီးပြီးခြင်း တဒင်္ဂမှာပဲ ရှိသမျှနာရီတွေအကုန်လုံးရဲ့အချိိန်က နေ့လည်(၁)နာရီသို့ ပြောင်းလဲညွှန်ပြကြကုန်လျက်။

ဤအခန်း၏နံရံအရောင်သည်လည်း အလားတူအနီရောင်ဖြစ်ကာ အလျားအနံအမြင့်တူညီသည့် ကုဗတုံးအခန်းတစ်ခန်းပါပင်။

အခန်း၏အလယ်တွင် ပစ္စည်းထားသည့်သတ္တုစင် ငါးစင်ခြောက်စင်ခန့်ရှိ၏။ စင်ပတ်ပတ်လည်သည်ကား လက်ဆေးကန် ၊ မီးဖို ၊ ဆီမီးခိုးစုပ်စက် ၊ ခြင်းတောင်း ၊ ရေခဲသေတ္တာတို့ရှိကာ စားပွဲထက် ဇွန်းခရင်းတို့နှင့် လက်ရာမြောက်သော ပန်းကန်လုံးပန်းကန်ပြားများအား ခင်းကျင်းထားသည်။ နံရံထက်တွင်လည်း ပြောင်လက်နေအောင်သုတ်ထားသည့် မှန်တစ်ချပ်အားချိတ်ဆွဲထား၏။

Ren Yu Xian Luo (ဘာသာပြန်)Where stories live. Discover now