၃၇ ပ

507 82 2
                                    

人鱼陷落
REN YU XIAN LUO


UNICODE


ပိုင်ချူနျန်လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ သေနတ်ကိုပခုံးပေါ်တင်လျက်မြင့်မားသောတယ်လီဖုန်းတိုင်ထိပ်မှ ခုန်ချပြီး လန်ပေါအနားသို့ဆင်းလာလိုက်သည်။

လန်ပေါသည် ဦးခေါင်းအပစ်ခံရသော ကြေးစားသမားအလောင်းပေါ်တွင်ထိုင်ကာ အလောင်း၏ တီရှပ်ကိုဆွဲမပြီး အမြီးပေါ်ရှိရွှံ့များကိုသုတ်ဖယ်လိုက်ပါသည်။

ပိုင်ချူနျန် သိပ်မဝေးသည့်နေရာကတြိဂံပိရမစ်တဲကို လှမ်းကြည့်လိုက်ရင်း

"ဝင်ကြမလား? ဒီလူတွေကိုဘယ်လိုလုပ်မလဲ?"

လန်ပေါ၏ဖုန်းက မဟာမိတ်ရဲဌာနနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ ဌာနချုပ်က မေပယ်နီတောင်တန်းခရိုင်မှ ရဲအရာရှိများထံလွှဲပြောင်းပေးပြီး ရုပ်အလောင်းနှင့် ဓာတ်လိုက်ပြီးသတိလစ်ကုန်ကြသည့်ကြေးစားသမားများကို အဝေးသို့သယ်ထုတ်သွားကြသည်။

"မင်းအိမ်ပြန်။"

လန်ပေါက ခေါင်းခါလိုက်ပြီး

"ပင်ပန်းတယ် ၊ ငါ့ဘာသာ ၊ လုပ်နိုင်တယ်။"

"ဘာပဲဖြစ်ဖြစ် ကိုယ်ကအခု အလုပ်လက်မဲ့ ဖြစ်နေတော့ ဘောနပ်စ်ရမယ့်ထဲက(၂၀၀)လောက်ခွဲပေးရင်ပဲဖြစ်တယ်။"

ပိုင်ချူနျန် ကြေးစားသမားကိုယ်ပေါ်မှ တစ်စုံတစ်ခုကိုရှာဖွေပြီးနောက် ကိုယ်ကိုကိုင်းကာလုံခြုံရေးစည်းကိုကျော်ဝင်လိုက်ပြီး တြိဂံပိရမစ်တဲတံခါးကို တွန်းဖွင့်လိုက်တော့သည်။



အထဲမှာ လုံးဝမှောင်မည်းနေပြီး ဘာကိုမှမမြင်တွေ့ရအောင်ထိ။ လန်ပေါရဲ့ တောက်ပတဲ့အမြီးကြောင့်သာ သူ့ခြေဖဝါးအောက်ရှိ ကြမ်းပြင်တစ်ခုကို လင်းနေစေသည်။ သို့တိုင်အဝင်ဝရှိ မိုးကာပစ္စည်းတွေကအရည်အသွေးသာမန်သာဖြစ်၍ မြေပြင်ပေါ်ရေတို့အိုင်ထွန်းနေ၏ ၊ လန်ပေါအမြီးရဲ့နှိုးဆော်မှုကြောင့် အပြာရောင်အလင်းရေခူငါးလေးများ ထိုရေထဲတွင်ကူးခတ်သွားလာနေကြသည်။

ပိုင်ချူနျန်ဟာ ဒီရေခူတွေ ဘယ်ကလာတယ်ဆိုတာကို မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့ခြင်း။ လန်ပေါရဲ့ အမြီးဟာ ရေထဲမှာပူဖောင်းတွေ ဖန်တီးနေသရွေ့တော့ ပူဖောင်းတွေက အပြာရောင်တောက်တောက်ကို ထုတ်လွှတ်တဲ့ ရေခူလေးတွေအဖြစ် အလိုအလျောက် ပြောင်းလဲသွားမှာဖြစ်ပြီး ကြည့်ရတာကလွဲလို့ တခြားအသုံးမဝင်တဲ့ အလှဆင်အမျိုးအစားသာ ဖြစ်ပုံရသည်။

Ren Yu Xian Luo (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz