Part-1

4.8K 155 7
                                    

ဇာတ်လမ်း တွင် ပါဝင်သည့် အကြောင်းအရာများ နေရာ/ဒေသ တည်ရှိမှု များသည် မိမိ၏ စိတ်ကူးယဉ် ဖန်တီးမှုသာ ဖြစ်သည်..။

(Unicode)

အစထဲက မင်းကိုသာ ကိုယ် မမက်မောခဲ့ရင်
ကိုယ် နောက်ကြောင်းကို မင်းကို ပြောပြခဲ့
ရင် မင်း ကိုယ်ကို ချစ်ခဲ့ပါ့မလား ရိပေါ်....။

Xaio Zhan....
_______________________________

အနည်းငယ် မှောင်နေတဲ့ အခန်းလေးရဲ့ အိပ်
ယာပေါ်မှာ အိပ်နေတဲ့ ချောမောတဲ့ လူငယ်
လေးက သူရင်ခွင်ထဲမှာ လူငယ်လေး တစ်
ယောက်ကို တင်းကျပ်စွာ ထွေးပွေ့ထားရင်း
အိပ်မောကျနေခဲ့သည်။

လိုက်ကာ ကနေ တဖြည်းဖြည်း ထိုးဖောက်
လာတဲ့ အလင်းရောင် ကြောင့် ထိုလူငယ်ရဲ့
ရင်ခွင်ထဲ အိပ်ပျော်နေတဲ့ လူငယ်လေးက လူးလွန့်လာကာ မှိတ်ထားတဲ့ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့ သူရှေ့ ကိုယ်ဗလာနဲ့ အိပ်မောကျနေတဲ့ ချောမောတဲ့
လူငယ်လေးကို တွေ့လိုက်ရသည်။

ထိုလူငယ်လေးကို ကြည့်ပြီး ရှောင်းကျန့်
အကြည့်များက နှုးညံ့သွားကာ သူဘေးက လူငယ်လေးရဲ့ ပါးပြင်ကို ခပ်ဖွဖွ နမ်းကာ
အိပ်ယာပေါ်က ခပ်ဖြည်းဖြည်းထကာ ရေချိုးခန်းထဲ ဝင်လိုက်သည်။

ရှောင်းကျန့် မှန်မှာ ပေါ်နေတဲ့ သူခန္ဓာကိုယ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ နေ
ရာလပ် မကျန်အောင် အနီရဲရဲ အချစ်မှတ်များက အပြည့်နှင့်..။ သူ ခေါင်းခါကာ တစ်
ဖက် ဆတ်ခနဲ အလှည့်...။

"အ...နာလိုက်တာ"

ရှောင်းကျန့် အောက်ပိုင်းက နာကျင်မှုကြောင့် အသံတိုးတိုး ထွက်သွားရသည်။ သူဘယ်
လောက်ဘဲ အသံတိုးတိုး အိပ်ယာပေါ်က ကျန်ခဲ့တဲ့ အထူးလေ့ကျင်းရေး ဆင်းထားတဲ့
လူငယ်လေးက ထို အသံသေးသေးကြောင့်
ချက်ချင်း ထထိုင်လာသည်။ ကြည်လင်နေတဲ့ မျက်ဝန်းများက ခုနက အိပ်မောကျနေတဲ့ သူနဲ့ မတူဘဲ သတိအပြည့်နဲ့...။

"ကျန့်ကော"

ချက်ချင်း ထကာ ရေချိုးခန်းထဲ ဝင်သွားတော့ အပေါ် ပိုင်း ဗလာနဲ့ သူချစ်ခင်ပွန်းလေးက သူကို ပြုံးပြလာသည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now