Part-20

1K 85 9
                                    

ဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာ
ဖြစ်ရပ်/ နေရာ ဒေသ များသည် မိမိ၏ စိတ်ကူးယဥ် ဖန်တီးမှု သာ ဖြစ်သည်။
________________________________________

(Unicode)

နယ်မြေ(၁) ကြား နယ်စပ် အတွင်း သေနတ်ပစ် သံများက ဆူညံလို့ နေသည်။ အဖက်ဖက် ထိခိုက်သူတွေ ရှိကာ ပြင်းထန်လှတဲ့ တိုက်ပွဲကြား ရိပေါ် ရှေ့တိုးကာ တစ်ဖက်ရဲ့ ကုန်တင်ကားကို ဖွင့်လိုက်တော့ မြင်လိုက်ရသည်က ပေရေနေတဲ့ များစွာသော ကလေးများ...။

"တောက် ငလူးမသားတွေ"

ရိပေါ်ရဲ့ ဆဲသံကို မလှမ်းမကမ်း နားက တိုက်ပွဲထဲက ရှောင်းကျန့် ကြားချိန်မှာ ပြုံးလိုက်မိသည်။ သူနားကပ်လာတဲ့ သူကို သေနတ်နဲ့ ချိန်ပစ်လိုက်ရင်း ရိပေါ် ဆီ ခေါင်းအလှည့် သူ အပြုံးများက ခံစားချက် တစ်ခုကြောင့် ပျောက်ကွယ် သွားရသည်။

ရိပေါ် ရပ်နေရင်း ရုတ်တရက် ခံစားလိုက်ရတဲ့
ခံစားချက်...

...စနှိုက်ပါ ရှိနေတယ်...

အခုချိန် က သူဘဲ အရှောင်မြန်မလား တစ်ဖက် လူရဲ့ လက်က ပိုမြန်မလား တွေးမိရင်း ရိပေါ်လှမ်း ရှောင်လိုက်ချိန် အနည်းငယ် အေးစက်စက် ခန္ဓာကိုယ်က သူရှေ့က ကာလိုက်ကာ သူကို မြေကြီးပေါ် လှဲချဲလိုက်သည်။ သူမျက်နှာ ပေါ် စင်လာတဲ့ သွေးစက်များနဲ့ သူရင်ခွင်ထဲ ကျလာတဲ့ သူအမြဲ နှစ်သက်ခဲ့တဲ့ အမွှေးနံ နဲ့ သွေးညှီနံ များရဲ့ ပိုင်ရှင် ဖြစ်တဲ့ သူကြောင့် ရိပေါ် တစ်ကိုယ်လုံး သွေး ပြောင်းပြန် စီးဆင်း သွားသလို ခံစားရသွားကာ တုန်လှုပ် ခြောက်ခြားသွားရသည်။ သူရင်ခွင်ထဲက သူရဲ့ ငြိီးငြူ သံကြောင့် ရိပေါ် သတိဝင်သွားကာ သူရင်ခွင်ထဲက သူကို ထိန်းကိုင် လိုက်ရင်း ပြန်ထလိုက်တော့ အလိုက်သင့်လေး သူလက်ထဲ ပါလာတဲ့
သူ...

"ရှောင်းကျန့်!!!!..ကျွန်တော်ကို ကြည့်ပါအုံး ကျန့်ကော!!.."

"ရိပေါ်"

သူရင်ခွင်ထဲက သူက မျက်မှောင်ကုတ်လာရင်းသူ လက်မောင်း သူ ထိလိုက်ချိန် ရိပေါ် မျက်လုံး အကြည့်များက ထိုနေရာကို ရောက်
သွားရသည်။ သွေးတွေ စီးကျနေတဲ့ နေရာကို
ရိပေါ် ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now