Part-6

1K 68 0
                                    

(Unicode)

ရှောင်းကျန့် ဆိုဖာပေါ်မှာ ထိုင်ကာ အတွေး
များနေရသည်။

...သူတို့ ဒီကို ရောက်နေတာ ရိပေါ်တို့ သိသွား
တာလား ဘယ်နေရာမှာလဲ ခြေရာခံ မိ
သွားတာလဲ ကျစ် ငါဘယ်လိုလုပ်ရမလဲ...

ဒီး..ဒီး...

ရှောင်းကျန့် ဖုန်းရဲ့ တုန်ခါသံကြောင့် ကြည့်
လိုက်တော့..

'ရှောင်းကျန့် ငါတို့ စကားပြောရအောင် တွေ့
ခွင့်ပေး မဟုတ်ရင် မင်း ယောကျာ်းနဲ့ ငါတွေ့
ရလိမ့်မယ်'

ဝင်လာတဲ့ ခြိမ်းခြောက်စာ ကြောင့် ရှောင်း
ကျန့် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်
မိသည်။

...မင်း တော်တော် အတင့်ရဲလာတာဘဲ ငါကို
တောင် ခြိမ်းခြောက်ရဲနေပြီ..

စာကို Reply မပြန်ဘဲ ဖျက်လိုက်ကာ သူထပ်
တွေးနေမိသည်။

ရိပေါ် အကျီလဲပြီး အခန်းထဲက ထွက်လာတော့ ဆိုဖာပေါ် ဖုန်းကို တစ်ဖက်က ကိုင်ကာ
အတွေးထဲ နစ်နေပုံ ရတဲ့ ကျန့်ကော ကြောင့်..

"ကျန့်ကော ဘာတွေတွေးနေတာလဲ.."

ရိပေါ်က အကျီ ကို ကြယ်သီး တပ်နေရင်း သူ
ကို ကြည့်ကာ မေးလာတော့ ရှောင်းကျန့် ပြုံး
လိုက်ကာ...

"ဆေးရုံက case တစ်ခုကြောင့်ပါ"

ရှောင်းကျန့် ထိုင်နေရာက ထကာ ရိပေါ် အကျီကို သေချာ ပြင်ဆင်ပေးပြီး နက်ခ်တိုင်ကို
သေချာ စည်းပေးလိုက်သည်။

"အင်း မနေ့ညက ဒါကြောင့် တစ်မျိုးဖြစ်နေတာကို သိပ်မတွေးပါနဲ့ ကျန့်ကော တော်ပြီး
သား အကုန် အဆင်ပြေမှာပါ.."

နက်ခ်တိုင်ကို ချည်နှောင်ပေးနေတဲ့ ရှောင်း
ကျန့် လက်များက ရပ်တန့်သွားကာ ရိပေါ်
ကို ကြည့်လိုက်မိသည်။

"ကိုယ် တစ်ခုခု ဖြစ်နေမှန်း မနေ့ညက ဘယ်
လိုလုပ် သိတာလဲ.."

"အွန်း မသိဘူး ကျွန်တော်လည်း ကျန့်ကောနဲ့ ပက်သက်ရင် ဒီတိုင်း အလိုလို သိနေတာ ကျန့်ကော စိတ်ရှုပ်နေတာ စိတ်ပူနေတာ ဝမ်း
နည်းနေတာ အကုန်လုံးကိုပေါ့ ကျန့်ကော မျက်နှာက မဖော်ပြပေမဲ့ ကျွန်တော် က ဒီတိုင်း သိနေရတာ.."

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now