Part-22

1K 75 9
                                    

(Unicode)

ဆေးချိတ်ထားတာတွေ ဖြုတ်သွားတဲ့ အထိကို မနိုးလာသေးတဲ့ ရှောင်းကျန့် ကို ကြည့်ကာ ရိပေါ် ပိုပြီး စိုးရိမ်လာသည်။

"မပူပါနဲ့ အရာရှိဝမ် ကျန့်ကျန့် ပြန်နိုးလာမှာပါ အရာရှိဝမ် အကျီလဲပြီး အိပ်လိုက်ပါအုံး နောက် မစ်ရှစ်တွေ ရှိသေးတယ်"

"အင်း"

"မင်အာ...ကျန့်ကျန့်ကို အကျီလဲဖို့..."

"ကျွန်တော် လုပ်လိုက်မယ်"

ရိပေါ် စကားမဆုံးခင် ဖြတ်ပြောလိုက်မိသည်။ အခု ဘေးမှာ သူ့ယောကျာ်း ငါတစ်ယောက်လုံးရှိတာ ဘယ်သူကို အကျီ လဲပေးခိုင်းနေတာလဲ။

"အာ..ဆောတီး ဒါဆို အရာရှိဝမ်ကို အပ်ပါတယ်"

ကျိရန် မင်အာကို စူးစိုက်ကြည့်နေတဲ့  ရိပေါ်ကြောင့် ပြုံးလိုက်ရင်း သူတောင်းပန်စကား ဆိုလိုက်သည်။တစ်ကယ်တော့ ရှောင်းကျန့် နိုးလာရင်လဲ ဖို့ အကျီ ထုတ်ခိုင်းမလို့ပင်။ရှောင်းကျန့် က သူခန္ဓာကိုယ်ကို တခြားသူ ထိတာ လုံးဝမကြိုက်ပေ။ အရာရှိဝမ်က တစ်မျိုး ထင်သွားပုံဘဲ ကောင်းပါ တယ်လေ..။

မင်အာကတော့ သခင်ကတော် အကြည့်ကြောင့် ကျောပင်မတ်သွားရသည်။ အကိုလေးကတော့ လုပ်ပြန်ပြီ...။

"ဒါဆို ခွင့်ပြုပါအုံး.."

ကျိရန် တံခါးလက်ကိုင်ဘုကို ကိုင်ပြီးမှ ပြန်လှည့်ကာ...

"ဒါနဲ့ ကျန့်ကျန့် သူက ဒီကို ရောက်ပြီး ပထမဆုံး လူသတ်ခဲ့တယ် အဲ့ဒါ ဘယ်သူလဲ သိချင်လား"

"လူသတ်တာကို ရဲကို လာပြောပြနေတာလား"

"အရာရှိဝမ်က ကွာခြားတယ်လေ အာ တိတိကျကျ ပြောရရင် ကျန့်ကျန့် အပေါ်ဘဲ ကွာခြားတာ"

"....."

"သွေးနီရောင်ရဲ့ ဒုခေါင်းဆောင် ခေါင်းဆောင်ရဲ့ ညာလက်ရုံးကိုဘဲ"

"......"

"သတ်လိုက်တဲ့ အကြောင်းက ထူးဆန်းတယ် သူကို အဆိပ်ထိုးလို့ မဟုတ်ဘဲ တစ်စုံ တစ်ယောက်ကို အသုံးချပြီး ခြိမ်းခြောက်လို့တဲ့"

"......."

"ပြောသင့်တယ် ထင်လို့ပါ အရာရှိဝမ်"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now