Part-8

958 74 0
                                    

(Unicode)

နယ်မြေ(၃) C City..

ရှောင်းကျန့် လေဆိပ်က ထွက်လာတော့ အနက်ရောင် ကားတစ်စီးထဲက ထွက်လာတဲ့
စကတ် အနက်ရောင် နဲ့ လှပနေတဲ့ အမျိုးသမီးလေး တစ်ယောက်..။လှပပြီး sexyကျတဲ့ အချိုးအစားနဲ့ နတ်သမီးလေးလို
လှပတဲ့ သူမက သူကို မြင်ချိန်မှာ သူရင်ခွင်
ထဲ ပြေးဝင်လို့လာသည်။

ရှောင်းကျန့် လက်ကို ဆန့်ထုတ်ကာ ရင်ခွင်ထဲ ခိုဝင်လာတဲ့ အမျိုးသမီးလေးကို ပြန်ဖက်
ထားလိုက်သည်။

"ကျန့်ကျန့်"

"ကျဲ မတွေ့တာကြာပြီ နေကောင်းရဲ့လား"

"ကျန့်ကျန့်ကို သတိရနေတာ အရမ်းကို"

"အင်း"

ခဏနေမှ သူတို့ လူချင်းခွာကာ ရှောင်းကျန့်
သူရှေ့က မွေးစားအမကို ကြည့်ပြီး ပြုံးလိုက်
မိသည်။အနောက်က လေဆိပ်က ထွက်လာတဲ့ အုပ်စုက သူရှေ့က လျန်ဟွားကို တွေ့တော့ အရိုအသေပေးလာသည်။

"အမကြီး"

"အင်း အားလုံး တာဝန်ကျေတယ် ကျိုးချန်
ပင်ပန်းသွားပြီ ကျန့်ကျန့် ဆီက အရိုက်ခံရသေးလား"

"နည်းနည်း"

ကျဲက သဘောတကျ ရီကာ သူ့ လက်မောင်းကို ဖက်လိုက်ပြီး...

"ကျန့်ကျန့် လာ အားလုံးက စောင့်နေတယ်"

"ဟုတ်ကဲ့"

ရှောင်းကျန့် ကားပေါ် ရောက်မှ ဖုန်းကို ထုတ်
ကာ ရိပေါ်ကို စာပို့လိုက်သည်။ပြီးမှ ကျဲဘက်လှည့်လိုက်ကာ..

"သူ့ အခြေနေဘယ်လိုလဲ"

ကျဲက ခဏ တိတ်သွားပြီးမှ..

"ကျန့်ကျန့် ခဏနေ သိရမှာပါ"

ကား အနက်လေးက လမ်းမ တစ်လျှောက်ကနေ ဖြတ်သန်းသွားပြီး လျှို့ဝှက်လှတဲ့ တောအုပ်ထဲကို ဖြတ်သန်းသွားကာ ဂိတ်အဆင့်ဆင့်ကို ဖြတ်ကျော်လာသည်။ ဂိတ်မှာ စောင့်နေတဲ့ လက်နက်ကိုင် ထားတဲ့ သူတွေ
အားလုံးကို ရှောင်းကျန့် ကားမှန်ချကာ ကြည့်လိုက်တော့ လူတိုင်းရဲ့ အကြည့်တဲ့ သူကို
မြင်ကာ အံသြမှု ပျော်ရွှင်မှု တို့ ဖြတ်သန်းနေ
တာကို တွေ့လိုက်ရသည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Onde histórias criam vida. Descubra agora