Part-2

1.7K 119 1
                                    

(Unicode)

ဆေးရုံ စရောက်ထဲက ရှောင်းကျန့် စတင်ပြေးလွှား ရတော့သည်။ ရောက်လာတဲ့ အက်
စီးဒန့် လူနာ အများအပြားက ကားအက်စီးဒန့်ကြောင့် များပြားတဲ့ လူနာ တစ်ယောက်ပြီး
တစ်ယောက်ကို ကိုယ် မိသားစုဝင်လို စိုးရိမ်
ပြီး အသည်းအသန် ကုသနေခဲ့တဲ့ ဆရာဝန်
ထဲ သူလည်း အပါအဝင်...။

ခွဲစိတ်ခန်းက အထွက် ခြေကုန်လက်ပန်းကျစွာ ဘေးနားက ခုံပေါ်မှာ ထိုင်ကျလိုက်မိတယ်။ သူရဲ့ အလုပ်နဲ့ သူ့မိသားစု လုပ်ကိုင်တဲ့ အလုပ်က ပြဒါး တစ်လမ်း သံတစ်လမ်း
ကိုက်ညီမှု မရှိတဲ့ အရာတစ်ခု..။ဒါကြောင့် သူ အဆက်သွယ် မလုပ်တော့တာ မိသားစု
မရှိတဲ့ သူလို နေခဲ့တာ..။

ရှောင်းကျန့် သူအခန်းထဲ ဝင်ကာ ဂျူတီကုတ် ဝတ်ပြီး အခန်းပြင် ပြန်ထွက်ကာ ဆေးရုံ ပြင်ဖက်က နံရံမှာ မှီကာ မျက်လုံးများကို စုံမှိတ်ချလိုက်မိသည်။ တိုက်ခတ်နေတဲ့ အေးမြတဲ့ လေလေးကြောင့် သူပင်ပန်း
ထားတာ တွေက နည်းနည်း သိပ်သက်သာ
သွားသလို..။

"ဒေါက်တာရှောင်း"

ချိုသာတဲ့ မိန်းကလေးရဲ့ ခေါ်သံကြောင့် သတိမရှိဘဲ နံရံကို မှီထားရမှာ ချက်ချင်း သတိကပ်မိလိုက်တယ်..။ သူ လှည့်ကြည့်လိုက်တော့ ဒေါက်တာ မေလီ..။ ခန္ဓာကိုယ်က
သူ(မ)ကို မြင်လိုက်တာနဲ့ ရုတ်ချည်း ခြေနှစ်
လှမ်း နောက်ဆုတ် ပြီးသား..။

"ဒေါက်တာ မေလီ"

"အနားယူနေတာလား ဒေါက်တာရှောင်း"

"ဟုတ်ကဲ့ ဒေါက်တာ ဘာကိစ္စများ ရှိလို့လဲ"

Ward တစ်ခုထဲ တူတူ အလုပ်လုပ်နေတဲ့ သူမို့
ရှောင်းကျန့် အနေနဲ့ ရိုင်းပျလို့ မဖြစ်..။ ဒီ
ဆေးရုံကို ပြောင်းလာတာ မကြာသေးတဲ့ သူ(မ)က သူ လက်ထပ်ပြီးတာကို သိဟန်မတူ..။ အင်း ရှင်းအောင်တော့ ပြောရအုံးမယ်..။

"ဒါလေး ဒေါက်တာကို ပေးဖို့ပါ ဒီနေ့ ပင်ပန်း
ထားတယ်လေ ဒါက ward တစ်ခုလုံးကို ကျွန်မ တိုက်တာပါ"

သူရှေ့ ရောက်လာတဲ့ ကော်ဖီဘူးလေး...

ရှောင်းကျန့် လှမ်းယူလိုက်ကာ...

"ကျေးဇူးတင်ပါတယ် ဒေါက်တာ တခြား ကိစ္စရှိသေးလား"

"မရှိ..မရှိတော့ပါဘူး ဒါပေမဲ့ မေးစရာလေး"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now