Part-10

1K 72 0
                                    

(Unicode)

"စစ်ကျွင်း သွား ဒီနားက လူတွေကို နည်းနည်း မေးကြည့် ငါ အခင်းနေရာကို ကြည့်ချင်သေးတယ်"

"ဟုတ်ကဲ့ကော"

ရိပေါ် အခင်းနေရာကို သေချာဝေ့ကြည်လိုက်သည်။ တိုက် နှစ်တိုက် ကြားမှာ ရှိနေတဲ့ လမ်းကျဥ်းလေး..။ တဖြည်းဖြည်း သူ
လျှောက်လာရင်း ပျက်စီးနေတဲ့ နံရံက ထိထားလို့ ပိုပျက်စီးနေသလို..။

ရိပေါ် လက်ချောင်းများနဲ့ နံရံကို ခပ်ဖွဖွ ပွတ်
သပ်လိုက်တော့ လက်မှာ စွန်းလာတဲ့ အရောင်တွေ ထိထားတယ် ဒါက တိုက်ခိုက်ရင်း ထိထားတာဘဲ တိုက်ခိုက် တယ် ဘယ်သူနဲ့လဲ သေဆုံးသူနဲ့ တရားခံလား..။ မဟုတ်သေးဘူး သေဆုံးသူရဲ့ အကျီမှာ ဒီလို နံရံရဲ့ ဆေးရောင် ပေမနေဘူး တတိယလူ ရှိနေတာလား။

ဒါဆို တတိယ လူနဲ့ တရားခံ တိုက်ခိုက်မှု ဖြစ်
သွားတာလား ဘာလို့လဲ ဒီနေရာမှာ ရှိနေတာ
ဆို တရားခံနဲ့ မဟာမိတ် ဖြစ်နိုင်တယ် တကယ်လို့ လမ်းသွားလမ်းလာ တစ်ယောက်
နဲ့ မျက်မြင်သက်သေ ရှိရမယ် မဟုတ်သေးဘူး လမ်းသွားလမ်းလာ တစ်ယောက်က ကျွမ်းကျင်နေတဲ့ တရားခံကို ရင်ဆိုင်နိုင်စရာ
အကြောင်းမရှိသေးဘူး သာမန် လမ်းသွား
လမ်းလာက တရားခံ လက်ထဲက တစ်ခုခု
ထိခိုက်မှု မရှိဘဲ လွှတ်သွားစရာ အကြောင်း
ကို မရှိဘူး..။

..ဒီအရောင်ကို သူ တစ်နေရာရာ မှာ တွေ့ဖူးသလိုဘဲ ဘယ်မှာများလဲ..

သူ လမ်းကျဥ်းလေးထဲ ဆက်လျှောက်လာရင်း မြေကြီးတွေနဲ့ ရောနှောနေတဲ့ အထဲ လက်ခနဲ အရာတစ်ခု..။ ရိပေါ် ထိုနေရာကို သွားကာ လက်အိတ် စွပ်ပြီး ကောက်လိုက်တော့ ဆန်းပြားတဲ့ ကြယ်သီးလေး တစ်ခု
ကျောက်အသေးလေးကို ဘေးက အဝိုင်းနဲ့
ပတ်ထားတဲ့ ကြယ်သီးလေး..။ဒါက..တရားခံ
ကျန်ခဲ့တာလား ဒါမှမဟုတ် တတိယလူ..

ဒါကို ငါတွေ့ဖူးနေတယ်။ ရိပေါ် သေချာစဥ်း
စားလိုက်တော့ ခေါင်းထဲ ပြန်ပေါ်လာတဲ့ မှတ်
ဉာဏ်ကြောင့် ကြယ်သီးကို လွှတ်ချလိုက်မိ
သည်။

"မဟုတ်ဘူး မဖြစ်နိုင်တာ အဲ့လို မဖြစ်နိုင်ဘူး"

ထိုနေ့က အိမ်ပြန်တော့ ကုတ်အရှည် ချွတ်
လိုက်ချိန်မှာ ကျန့်ကော အကျီ အဖြူမှာ စွန်း
နေတဲ့ အရောင်။ ပြီးတော့ ပြုတ်နေတဲ့ ကြယ်
သီးက ကျန့်ကောရဲ့ အကျီက...။ ဒါပေမဲ့ ကျန့်ကော ပြောတာ ဆေးရုံမှာ လူနာကြောင့်
ရုတ်ရင်းဆန်ခတ် ဖြစ်လာတာဆို..။ ဒါဆို ကျန့်ကောက ငါကို လိမ်..ဟင့်အင်း ကျန့်ကောက ငါကို လိမ်စရာ အကြောင်းမှမရှိတာ..။ဟုတ်တယ် ငါသေချာ အတည်မပြုရသေးဘူး ဒီအကျီက တစ်ထည်ထဲ ရှိနိုင်တာမှ မဟုတ်တာ..။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now