Extra-2

1K 69 6
                                    

(Unicode)

ရိပေါ်ရဲ့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဒေါက်တာရွှယ် နဲ့ မားက စတင်ပြီး လုပ်ဆောင်တယ်။ ဆေးထိုးအပ် ထဲက ဆေးက ရှောင်းကျန့် လက် ကို သွယ်တန်းထားတဲ့ ဆေးပိုက်ထဲ ဝင်ရောက်သွားတာကို ရိပေါ် ကြည့်နေမိသည်။

ဆေးဝင်ရောက်ပြီး မိနစ် အနည်းငယ် အကြာ
တတီတီ မြည်သံများ ထွက်လာကာ ရှောင်းကျန့် ခန္ဓာကိုယ်က မေ့မျောနေရင်း တုန်လှုပ်လာသည်။

ဝမ်ရိပေါ် အံကို တင်းတင်းကြိတ်ရင်း ထို မြင်ကွင်း ကို ငေးကြည့်လိုက်သည်။ သူရဲ့ အရာအလုံးစုံက ရှောင်းကျန့် ဆီသာ ဦးတည်နေသည်။

ဟွိုက်ခွမ်း ရှောင်းကျန့် ကို စိတ်ပူနေရင်း ဘေးက ရပ်နေတဲ့ ရိပေါ်ကို လှည့်ကြည့်မိတော့ ရိပေါ် အံတင်းတင်းကြိတ်ထား ယုံက လွဲပြီး မျက်နှာ မှာ ဘာခံစားချက်မှ မပြဘဲ ရှောင်းကျန့် ကိုသာ ငေးကြည့်နေတာ တွေ့ရသည်။ ဟွိုက်ခွမ်း စိတ်ထဲ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

ရှောင်းကျန့် ကို ခဏအတွင်း ဒေါ်လေးဝမ်က ထိန်းချုပ်လိုက်နိုင်ပြီး မှ ရိပေါ် က မျက်လွှာချကာ ခေါင်းငုံသွားတာကို ဟွိုက်ခွမ်းတွေ့လိုက်ရသည်။

ဟွိုက်ခွမ်း လက်ကို မြှောက်လိုက်ကာ ရိပေါ် ပခုံး ကို အားပေးသလို ပုတ်လိုက်ရင်း...

"အဆင်ပြေသွားမှာပါ"

"အင်း ကျွန်တော် သိတယ်"

ပြုံးပြကာ ပြောလာတဲ့ ရိပေါ်ကြောင့် ဟွိုက်ခွမ်း စိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ပျံနှံလာပေမဲ့ စိတ်အထင်မှားယုံလို့သာ ထင်ပြီး ထိုအတွေးကို ဖျက်လိုက်သည်။

ရိပေါ်က ငြိမ်ကျသွားတဲ့ ရှောင်းကျန့် နားကို သွားတာကိုသာ သူကြည့်နေလိုက်သည်။ရိပေါ်က ဘေးက ခုံမှာ ထိုင်ပြီး ရှောင်းကျန့် လက်ကို ကိုင်ကာ ပွတ်သပ်နေရင်း ရှောင်းကျန့်ကို ပြုံးကာ ငေးကြည့်လို့နေသည်။

ရှောင်းကျန့် မြူတွေ ဆိုင်းနေတဲ့ နေရာမှာ လျှောက်နေမိသည်။ဒါက ဘယ်နေရာ သူ ဒီနေရာကို ဘယ်လိုရောက်နေလဲ ဆိုတာလဲ မသိ..။ သူ အသိစိတ် မရှိသလို လျှောက်သွားနေမိသည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now