Part-26

869 68 0
                                    

(Unicode)

"ငါတို့ သိပ်မကြာတဲ့ အချိန်အတွင်း သွေးနီရောင်ဂိုဏ်းကို ဖြိုမယ် ဒီ၁ပတ် အတွင်း အားလုံး ကြိုးစားခဲ့တယ် ရထားတဲ့ သူလျှို ဆီက သတင်းက တိကျတယ် ခွဲထားတဲ့ မစ်ရှင်တွေကို အားလုံး သေချာ လိုက်လုပ်နိုင်မယ်လို့ မျှော်လင့်တယ်"

"ဟုတ်ကဲ့!!!"

ရှောင်းကျန့် သူလူတွေကို ဝေ့ကြည့်ကာ ခါးကိုကိုင်းကာ ဦးညွှတ်လိုက်သည်။ ထိုင်နေတဲ့ သူတွေက ထိုအပြုအမှုကြောင့် ထိုင်နေရာက ဝုန်းခနဲ ထရပ်လာသည်။

"ခေါင်းဆောင်!!!"

"သခင်"

ထိပ်ဆုံး နားမှာ ထိုင်နေတဲ့ မင်အာတောင် လန့်ဖြန့်ကာ ထခုန်မတတ် သူကို ခေါ်လာသည်။ ခေါင်းဆောင် တစ်ယောက်က သူတို့ကို ဦးညွှတ်နေတာလေ..။

ရှောင်းကျန့် ပြီးမှ ခါးပြန်မတ်ကာ...

"အန္တရာယ် များတာ သိပေမဲ့ ကြိုးစားပေးပါ ကိုယ့်ရဲ့ အသက်က မင်းတို့ လက်ထဲမှာပါ ဒီတစ်ခါ တိုက်ပွဲပြီးရင် မင်းတို့က ဘယ် အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်တဲ့ လွတ်လပ်တဲ့ သူတွေ ဖြစ်လာလိမ့်မယ် ဒါကြောင့် မိသားစုလေးတွေ တည်ထောင်နိုင်ဖို့ မထိခိုက်ဘဲ ပြန်လာခဲ့ကြ ကိုယ့်အပေါ် အမြဲ သစ္စာရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

ရှောင်းကျန့် အသံ ခပ်အက်အက်နဲ့ ပြောလာတဲ့ စကားလုံးတွေက သူတို့ကို ဝမ်းနည်းစေသည်။ အရမ်းကို ကောင်းမွန်တဲ့ ခေါင်းဆောင် လက်အောက်မှာ သူတို့ အလုပ်လုပ်ခဲ့ရတယ်မလား..။ ထိုစဥ်....

"ခေါင်းဆောင် ဒါက တောင်းဆိုတာလား"

"အင်း ကိုယ် တောင်းဆိုတာ"

"ဒါဆို ကျွန်တော်တို့ လက်မခံနိုင်ဘူး"

အားလုံးက ထပြောတဲ့ လူငယ်လေးရဲ့ စကားတွေကြောင့် ကြောင်အ သွားသည်။

"အမိန့် အမိန့်ကိုဘဲ ပေးပါ ခေါင်းဆောင် ကျွန်တော် တို့ရဲ့ နောက်ဆုံး တိုက်ပွဲကို အမိန့်နဲ့ဘဲ ဆင်နွှဲချင်တယ် တောင်းဆိုတာက နှုးညံ့လွန်းပါတယ် ခေါင်းဆောင်နဲ့ မလိုက်ဘူး ခေါင်းဆောင်ရဲ့ အမိန့်ကို အသက်နဲ့လဲပြီး လိုက်နာဖို့ ဆန္ဒရှိခဲ့တာမို့ အမိန့်ဘဲပေးပါ နောက်ဆုံး တောင်းဆိုမှုကို မကြိုက်ဘူး
ခေါင်းဆောင်နဲ့ ကျွန်တော်တို့ ပြန်တွေ့မှာပါ"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now